တပ်စ်လာလျှပ်စစ်ကားထုတ်လုပ်တဲ့ကုမ္ပဟာ ကားတင်ပို့နေတဲ့ ဒေသအတွင်းမှာရှိတဲ့ ဆေးရုံတွေကို အမေရိကန် အစားအသောက်နဲ့ ဆေးဝါးအာဏာပိုင်အဖွဲ့က အတည်ပြုထားတဲ့ အသက်ရှူ အားကူစက်တွေ အခမဲ့ပေးပို့သွားမယ်လို့ တက်စ်လာ အမှုဆောင် အရာရှိချုပ် အီလွန်မာ့ခ်စ်က မတ်လ ၃၁ ရက်က ပြောပါတယ်။
“တခုတည်းသော လိုအပ်ချက်က အသက်ရှူအားကူစက်တွေကို လူနာတွေအတွက် ချက်ချင်း လိုနေတယ်ဆိုတဲ့ အချက်ပါပဲ။ ကုန်လှောင်ရုံထဲမှာ သိမ်းထားဖို့ မဟုတ်ဘူး ကျေးဇူးပြုပြီး ကျနော့်ကို၊ ဒါမှမဟုတ် တက်စ်လာ ကုမ္ပဏီကိုသာ အသိပေးပါ” လို့ အီလွန်မာ့ခ်စ်က တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ဖိတ်ခေါ်ပါတယ်။
တောင်းဆိုချက်တွေကို ကုမ္ပဏီက ဘယ်လို ဦးစားပေးစနစ်နဲ့ ဖြည့်ဆည်းမှာလဲ၊ အသက်ရှူအားကူစက် ဘယ်နှလုံးကို လှူမှာလဲဆိုတဲ့ မေးခွန်းတွေကိုတော့ သူက မဖြေခဲ့ပါဘူး။
ကမ္ဘာတလွှားက အစိုးရတွေဟာ ကားစက်ရုံတွေနဲ့ အာကာသရေးရာ ကုမ္ပဏီတွေကို အသက်ရှူအားကူစက်တွေ ထုတ်လုပ်ရာမှာ ကူညီကြဖို့ မေတ္တာရပ်ခံထားပါတယ်။
ဖို့ဒ်ကားကုမ္ပဏီက General Electric ကျန်းမာရေး စောင့်ရှောက်မှု ဌာနနဲ့ ပူးပေါင်းပြီး မီချီဂံ ပြည်နယ်တွင်း စက်ရုံတရုံကနေ လာမယ့်ရက် ၁၀၀ အတွင်း အသက်ရှူအားကူစက် ၅၀၀၀၀ ထုတ်လုပ်မယ်လို့ ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာတွေကို ကုသရာမှာ လိုအပ်မယ့် အသက်ရှူ အားကူစက်တွေကို ၁ လ အလုံးရေ ၃၀၀၀၀ တည်ဆောက်နိုင်တယ်လို့ ပြောထားပါတယ်။
11 months Ago