အသက်ရှူကိရိယာ ၂၀၀

May 20, 2020

ရုရှားနိုင်ငံအတွက် အသက်ရှူကိရိယာ ၂၀၀ အမေရိကန် ကူညီမည်

ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ဒုတိယအများဆုံးရှိတဲ့ ရုရှားကို ဒီသီတင်းပတ်အတွင်း ဆေးဘက်ဆိုင်ရာ အသက်ရှူထောက်ကူပြု ကိရိယာအရေအတွက် ၂၀၀ ပေးပို့သွားမယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။ ရုရှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃ သိန်းနီးပါး ရှိလာသလို သေဆုံးသူကလည်း ၂,၈၀၀ ကျော်လာပါတယ်။ ရုရှားထက် ကူးစက်သူအရေအတွက်များတဲ့နိုင်ငံက အမေရိကန်ပဲ ဖြစ်ပါတယ်။    ဒါကြောင့် ရုရှားသမ္မတ ပူတင်က အမေရိကန်ဆီက အကူအညီ တောင်းခံထားပြီး   အမေရိကန်သမ္မတထရမ့်ကလည်း အသက်ရှူထောက်ကူပြုကိရိယာ အရေအတွက် ၂၀၀ ပေးဖို့ ကမ်းလှမ်းခဲ့တယ်ဆိုပြီ မော်စကိုမြို့ရှိ အမေရိကန် သံရုံးက ပြောဆိုပါတယ်။   အသက်ရှူထောက်ကူပြုကိရိယာတွေရဲ့ ကုန်ကျစရိတ်ကို အမေရိကန်က ကျခံမယ်လို့  ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဖ်က ပြောပါတယ်။  ပထမအသုတ် ကိရိယာအရေအတွက် ၅၀ ကို မေ ၂၀ ရက်မှာ တင်ပို့သွားမှာ ဖြစ်ပြီး ကျန်အရေအတွက် ၁၅၀ ကိုတော့ နောက်ပိုင်းမကြာခင်မှာ တင်ပို့သွားမယ်လို့ အမေရိကန်သံရုံးက ပြောပါတယ်။ 
11 months Ago
Up