အသက် ၃၄

A d v e r t i s e m e n t With Us

June 9, 2019

အသက် ၃၄ ရှိပေမယ့် စွမ်းဆောင်ရည်ပြနိုင်သေးဟု စီရော်နယ်ဒိုပြော

အသက် ၃၄ နှစ်အရွယ်ရောက်လာပေမယ့် ခံစားချက်တွေက အကောင်းဆုံးမှာ ရှိနေပြီးတော့ ဒီထက်ပိုတဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်သေးတယ်လို့ စီရော်နယ်ဒိုက ပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုဟာ လက်တလောမှာတော့ နေရှင်းလိဂ်ဖလားဖိုင်နယ်ပွဲစဉ်ကို ကစားဖို့ ပြင်ဆင်နေပြီးတော့ ဆီမီးမိုင်နယ်တုန်းက ဆွစ်ဇာလန်အသင်းဘက်ကို ဟက်ထရစ်ဂိုး သွင်းယူပေးခဲ့သလိုမျိုး နောက်ထပ်အြံ့သစရာတွေ ဖန်တီးနိုင်ဖို့ မျှော်လင့်နေပါတယ်။ ရော်နယ်ဒိုဟာ သူ့ရဲ့ နိုင်ငံအသင်းအတွက် ၈၅ ဂိုး သွင်းယူပေးထားပြီး ပြီးခဲ့တဲ့ပွဲမှာ ၅၃ ကြိမ်မြောက် ဟက်ထရစ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ဟက်ထရစ်သွင်းဂိုး အကြိမ်ရေကို ကျော်နိုင်ဖို့ဆိုတာ တခြားနာမည်ကြီး ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ ဆွာရက်ဇ်တို့အတွက်တောင် ခက်ခဲသွားပြီးတော့ ရော်နယ်ဒိုတဦးတည်းပဲ လုပ်ပြနိုင်တဲ့ စွမ်းဆောင်ရည်လည်း ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
2 years Ago
Up