အသက် ၃၂ နှစ်အထက် တပွဲပျမ်းမျှသွင်းဂိုးအများဆုံး ကစားသမားအဖြစ် အီဘရာဟီမိုဗစ်ခ်ျ စံချိန်တင်

February 9, 2017

အသက် ၃၂ နှစ်အထက် တပွဲပျမ်းမျှသွင်းဂိုးအများဆုံး ကစားသမားအဖြစ် အီဘရာဟီမိုဗစ်ခ်ျ စံချိန်တင်

အသက် ၃၂ နှစ်အထက် ပရီးမီးယားလိဂ် ကစားသမားတွေထဲမှာ မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျက တပွဲပျမ်းမျှသွင်းဂိုး အများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားပါတယ်။ အသက် ၃၅ နှစ်ရှိ အီဗရာဟီမိုဗစ်ခ်ျဟာ မန်ယူအသင်းအတွက် စုစုပေါင်း ၂၃ ပွဲမှာ ၁၅ ဂိုးသွင်းယူထားပြီး တပွဲပျမ်းမျှ ၀ ဒသမ ၆၅ ဂိုး ရှိနေတာပါ။ အီဗရာဟီမိုဗစ်ခ်ျရဲနောက်မှာ စပါးအသင်းမှာ ကစားဖူးတဲ့ ဂျာမနီလက်ရွေးစင် တိုက်စစ်မှူးဟောင်း ကလင်းစမန်းက တပွဲ ပျမ်းမျှ ၀ ဒသမ ၆ ဂိုးနဲ့ ရပ်တည်နေပါတယ်။ တပွဲပျမ်းမျှဂိုးအများဆုံး သွင်းယူထားတဲ့ အသက် ၃၂ နှစ်အထက် ကစားသမားစာရင်းထဲမှာ အာဆင်နယ်တိုက်စစ်မှူးဟောင်း အီယန်ရိုက်၊ ဆန်းဒါးလန်းတိုက်စစ်မှူး ဒီဖိုး၊ နယူးကာဆယ် တိုက်စစ်မှူးဟောင်း အလန်ရှီးယား၊ မန်ယူနဲ့ စပါးတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်၊ ချဲလ်ဆီး ကွင်းလယ်ကစားသမား လမ်းပတ်နဲ့ ချဲလ်ဆီးနဲ့ အဲဗာတန်မှာ ကစားခဲ့တဲ့ ဆင်မြူရယ်အီတူးတို့က ထိပ်ဆုံး ၁၀ ဦးစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
4 years Ago
Up