ဒါဟာ အမြွှာအဖိုးအို ၂ ဦးရဲ့ အံ့အားသင့်စရာ အသက် ၁၀၀ ပြည့် မွေးနေ့ပွဲတခု ပါပဲ။
အဲလ်ဘတ်ဖစ်ဖာနဲ့ အယ်လ်မာဖစ်ဖာတို့ဟာ အရောင်အသွေးတောက်တောက် ပါတီဦးထုပ်တွေဆောင်းကာ သူတို့ရဲ့ အသက် ၁၀၀ ပြည့်မွေးနေ့ပွဲကို အမေရိကန်နိုင်ငံ၊ လူဝီစီးယားနားပြည်နယ်၊ လာဖေယက်မြို့မှာ မတ်လ ၁၉ ရက်နေ့က ကျင်းပခဲ့ကြတာပါ။
အယ်လ်မာက သူနေထိုင်ရာ တပ်ခ်ဆန်မြို့ကနေ အဲလ်ဘတ်နေထိုင်တဲ့ လာဖေ က်မြို့ဆီလာရောက်ခဲ့တာပါ။
မွေးနေ့ပွဲမှာ အသက်အကြီးဆုံးဖြစ်တဲ့ အဲလ်ဘတ်က သူ့ရဲ့ ဆွေမျိုးညီအစ်ကို မောင်နှမတွေနဲ့အတူ သူတို့ရဲ့ ဖြတ်သန်းနေထိုင်မှုတွေ၊ ကျန်းမာရေး၊ ယုံကြည်သက်ဝင် မှုဆိုင်ရာအကြောင်းအရာတွေကို ပြောခဲ့ပါတယ်။
“ကျနော်တို့ ဘုရားသခင်ပေးတဲ့လမ်းအတိုင်း လိုက်နာခဲ့ကြတာပါ။ ကျနော်တို့ မနက်စောစောထတယ်။
သွက်သွက်လက်လက်နေတယ်။ အားကစားလေ့ကျင့်ခန်း တွေလုပ်ကြတယ်။ လမ်းလျှောက်တာတွေ၊ ပြေးတာတွေ အများကြီးလုပ်ခဲ့ကြတယ်”
လက်ရှိအချိန်မှာတော့ အမြွှာဘိုးဘိုး ၂ ဦးမှာ သားသမီး ၆ ယောက်၊ မြေး ၁၃ ယောက်၊ မြစ် ၂၀ ယောက် ရှိနေပြီး ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းနေထိုင်ကြတာပါ။
5 years Ago