ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ အမျိုးသားတဦးလက်က ရွှေရောင် ရိုးလက်စ်နာရီကို ခိုးယူဖို့ သူခိုး ၂ ဦးက သတိလစ်တဲ့အထိ အသက်ရှူကြပ်အောင် လုပ်တာကို ခံခဲ့ရပါတယ်။
ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ လုံခြုံရေးကင်မရာ မှတ်တမ်းကို မြို့တော်ရဲတွေက ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဖြန်ချိခဲ့ပါတယ်။
နာရီက Gold Rolex Yacht Master အမျိုးအစားဖြစ်ပြီး ပေါင်စတာလင် တသောင်းခွဲ တန်ဖိုးရှိတယ်လို့ ရဲက ကြေညာချက် ထုတ်ပြန်ပါတယ်။
လန်ဒန်အရှေ့တောင်ပိုင်း မော့တင်းဟမ်ခရိုင်က ကုတ်လမ်း ကားအငှားဆိုင်ထဲမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က လုယက်မှု ဖြစ်ခဲ့တာပါ။
သံသယရှိသူတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေရဖို့ ဒီရုပ်သံကို ဖြန့်ချိတာလို့ ရဲက ပြောပါတယ်။
5 years Ago