အသက်ရှင်လွတ်မြောက်ခဲ့သူ

March 16, 2019

ဂျင်းဘောင်းဘီကြောင့် ပင်လယ်ပြင်ကနေ အသက်ရှင်လွတ်မြောက်ခဲ့သူ (ရုပ်သံ)

ပင်လယ်ထဲပြုတ်ကျခဲ့တဲ့ ဂျာမနီအမျိုးသားတစ်ယောက်ဟာ ဂျင်းဘောင်းဘီကို အသက်ကယ် ဝတ်စုံအဖြစ် အသုံးချနိုင်ခဲ့တာကြောင့် အသက်ဘေးကနေ လွတ်မြောက်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ အာနီမာကီလို့ခေါ်တဲ့ ဒီအမျိုးသားဟာ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ နေ့လယ်ပိုင်း ကတိုလာဂါ ပင်လယ်အော်ရဲ့ ကမ်းလွန် ၂၈ မိုင်အကွာမှာ ရွက်လှေတစင်းပေါ်ကနေ ပင်လယ်ထဲကို ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ဂျင်းဘောင်းဘီနဲ့ ရေပေါ်ပေါ်အောင်လုပ်လို့ ရတယ်ဆိုတဲ့ နည်းစနစ်ကို သိရှိထားသူဖြစ်ပြီး ဘောင်းဘီ အစနှစ်ဘက်ကို သူ့ ခြေထောက်တွေမှာချည်ကာ  ဘောင်းဘီ အတွင်း လေဝင်အောင်ပြုလုပ်ပြီး အသက်ကယ်အင်္ကျီပုံစံပြုလုပ်ခဲ့ပါတယ်။ ဒီနည်းလမ်းကြောင့်ပဲ သူဟာ ရေထဲမှာ သုံးနာရီခွဲကြာမြောပါနိုင်ခဲ့ပြီး နောက်ပိုင်းမှာမှ ကယ်ဆယ်ရေး ရဟတ်ယာဉ်တစင်းရဲ့ ကယ်တင်ခြင်းကို ခံခဲ့ရပါတယ်။ ဒီဘောင်းဘီသာ မရှိရင် သူဟာ ပင်လယ်ထဲမှာ အသက်ဆုံးရှုံးသွားနိုင်ပြီး ဒေသတွင်း သတင်းတွေမှာလည်း အသက် ၃၀ အရွယ် ဂျာမနီသားကို ကယ်တင်ခဲ့တဲ့ ဗွီဒီယိုဖိုင်ဟာ အားလုံး အတွက် စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ အာနီမာကီ ရေထဲ ပြုတ်ကျသွားချိန်ကတည်းက ရွက်လှေပေါ်မှာ ရှိနေတဲ့ သူ့အစ်ကို ဖြစ်သူက အချက်ပြခဲ့တယ်လို့ ကယ်ဆယ်ရေး သမားတွေက ပြောဆိုထားပြီး လက်ရှိအချိန်မှာတော့ သူ့ကို ဆေးရုံတရုံမှာ ဆေးကုသမှုပြုလုပ်ပေးတယ်လို့သိရပါတယ်။
3 years Ago
Up