အသက်ရှင်လျက်ရှိသည့် ပန်ဒါ ၃ ကောင် ရုပ်သံ ထုတ်ပြန် (ရုပ်သံ)

July 31, 2015

အသက်ရှင်လျက်ရှိသည့် ပန်ဒါ ၃ ကောင် ရုပ်သံ ထုတ်ပြန် (ရုပ်သံ)

ဇူလိုင် ၂၉ ရက်က တနှစ်ပြည့်ပြီး အသက်ထင်ရှားရှိနေတဲ့ ပန်ဒါ ၃ ကောင်နဲ့ ပတ်သက်တဲ့ ရုပ်သံကို တရုတ် စီစီတီဗွီက ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဂန္ဓာပန်းရဲ့အပြုံးလို့ အမည်ပေးထားတဲ့ ပန်ဒါ ဂျူးရှောင်က ပန်ဒါ ၃ကောင်ကို ၂၀၀၄ ဇူလိုင် ၂၉ ရက် တရုတ်တောင်ပိုင်း ဂွမ်ဒေါင်းခရိုင် ဂွမ်ဇူး ပန်းခြံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သမိုင်းတလျှောက်မှာ ပန်ဒါ ၃ ကောင်ကို မွေးတာ ၄ ကြိမ်မြောက်ဖြစ်ပြီး မွေးဖွားတဲ့ ပန်ဒါ ၃ ကောင်လုံး တနှစ်ကြာ အသက်ထင်ရှားရှိနေတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေ အဆိုအရ ပန်ဒါအကောင် ၂၀၀၀ ပဲရှိသလို ၄၀၀ လောက်က လှောင်အိမ်ထဲမှာ မွေးဖွားထားတာ ဖြစ်ပါတယ်။ လှောင်အိမ်ထဲက ပန်ဒါတွေက မျိုးပွားဖို့ ခက်ခဲသလို ၁ ရာခိုင်နှုန်းလောက်ပဲ ၃ ကောင်မွေးတာဖြစ်တယ်လို့ ဆိုပါတယ်။ မွေးဖွားပြီး တလကျော်မှ ပန်ဒါတွေက မျက်လုံးဖွင့်လာသလို ထိန်းသိမ်း စောင့်ရှောက်သူတွေက နေ့ညမပြတ် ထိန်းသိမ်းစောင့်ရှောက်ပေးထားပါတယ်။ မိခင်ပန်ဒါက နေမကောင်းတဲ့အတွက် ပန်းခြံ အလုပ်သမားတွေက ကနဦးမှာ ထိန်းသိမ်း စောင့်ရှောက်ပေးထားရပါတယ်။ ၁ ကောင်ထက်ပိုမွေးတဲ့အတွက် ပန်ဒါမိခင်က ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ဖို့ ခက်ခဲ့ပါတယ်။ ဒီအထဲက အသေးဆုံး ပန်ဒါကို မိခင်ကပဲ ထိန်းသိမ်းစောင့်ရှောက်စေခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၄ နိုဝင်ဘာ ၂၁ မှာ တခြား ၂ ကောင်ကို မိခင်က ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး ဒီဇင်ဘာ ၉ ရက်မှာ မိသားစုအားလုံး ပြန်လည်ပေါင်းစည်းခဲ့တာ ဖြစ်ပါတယ်။
6 years Ago
Up