အဝေးသင်ခွင့်ရက် ၁ လတိုးမြှင့်ရေး  မုံရွာပညာရေးကောလိပ်ကျောင်းသားသမဂ္ဂ တောင်းဆို

September 18, 2019

အဝေးသင်ခွင့်ရက် ၁ လတိုးမြှင့်ရေး  မုံရွာပညာရေးကောလိပ်ကျောင်းသားသမဂ္ဂ တောင်းဆို 

အဝေးသင်တက္ကသိုလ်တက်ရောက်ဖို့ လုံလောက်တဲ့ ခွင့်ရက်ရရှိရေးအတွက် မုံရွာမြို့က ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီက စက်တင်ဘာလ ၁၇ ရက်နေ့မှာ ကမ်ပိန်းပြုလုပ်တောင်းဆိုခဲ့ကြပါတယ်။ မူလတန်းပြဆရာအဖြစ်တာဝန်ထမ်းဆောင်ဖို့ ဒီပလိုမာဘွဲ့ရရှိရေးအတွက် ပညာရေး ကောလိပ်မှာ ၂ နှစ်ကြာတက်ရောက်ရပြီး အလယ်တန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ဖို့ ကတော့ တက္ကသိုလ်တခုခုက ဘွဲ့ရရှိရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ပညာရေးဝန်ကြီးဌာနက အဝေးသင်တက္ကသိုလ်တက်ရောက်ရေးအတွက် ခွင့်ကို ၁၇ ရက်ပေးခဲ့ပြီး ဒီအပေါ်မှာ လုံလောက်မှုမရှိတဲ့အတွက် အခုလို ကမ်းပိန်းပြုလုပ်တောင်းဆိုရတာ ဖြစ်တယ်လို့ သိရပါတယ်။ ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီမှ ဗဟိုကော်မတီဝင် ကိုညီညီမင်းထက်ဝေက "အနီးကပ်က ၁၀ ရက်နဲ့ ဖြေဆိုဖို့ ၇ ရက်ဆိုပြီး ခွင့် ၁၇ ရက်ထဲပေးတယ်။ ဝေးလံ ခေါင်းဖျားတဲ့နေရာတွေကလာတက်မယ်ဆိုရင် အသွားအပြန်နဲ့တင် အနည်းဆုံး ၅ ရက်လောက်ကြာမယ်။ ကျနော်တို့ ကောလိပ်က ဆရာဖြစ်တွေအတွက် ဘယ်လိုမှ လုံလောက်မှုမရှိဘူး။ဒါ့ကြောင့် ခွင့်ရက်ကို ၁ လတိုးမြှင့်ပေးဖို့ ကမ်ပိန်းလုပ်တောင်းဆိုတော့ ကပ်ထားတဲ့ စတစ်ကာတွေ ခွာခံရတယ်။ ခွင့်ပြုချက်မတောင်းလို့တဲ့။ ဒါလွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ပိတ်ပင်တယ်လို့ မြင်တယ်။ ဖိနှိပ်တယ်လို့လည်း ယူဆတယ် " လို့ ပြောပါတယ်။ ကမ်ပိန်းပြုလုပ်တောင်းဆိုရာမှာ ပညာဆက်လက်သင်ယူခွင့်ရရှိရေးနဲ့ အဝေးသင်တက္ကသိုလ် တက်ရောက်ရာမှာ ခွင့်လုံလုံလောက်လောက်ရရှိရေးဆိုပြီး အချက် ၂ ချက်ကို အဓိကထား တောင်းဆိုခဲ့ကြတာပါ။ ယခု စတစ်ကာကမ်ပိန်းကိုတော့ မုံရွာပညာရေးကောလိပ်ကျောင်းတွင်းမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ကျောင်းဆောင်တွေ ၊ ဆိုင်းဘုတ်တွေနဲ့ ကျောင်းအုပ်ကြီး ရုံးခန်းရှေ့မှာ ကပ်နှံခဲ့ပါတယ်။ သတင်း- ရန်နိုင်စိုး
အေဝးသင္ခြင့္ရက္ ၁ လတိုးျမႇင့္ေရး မုံ႐ြာပညာေရးေကာလိပ္ေက်ာင္းသားသမဂၢ ေတာင္းဆို DVB အေဝးသင္တကၠသိုလ္တက္ေရာက္ဖို႔ လုံေလာက္တဲ့ ခြင့္ရက္ရရွိေရးအတြက္ မုံ႐ြာၿမိဳ႕က ပညာေရးေကာလိပ္ေက်ာင္းသားသမဂၢမ်ား ကိုယ္စားျပဳေကာ္မတီက စက္တင္ဘာလ ၁၇ ရက္ေန႔မွာ ကမ္ပိန္းျပဳလုပ္ေတာင္းဆိုခဲ့ၾကပါတယ္။ မူလတန္းျပဆရာအျဖစ္တာဝန္ထမ္းေဆာင္ဖို႔ ဒီပလိုမာဘြဲ႕ရရွိေရးအတြက္ ပညာေရး ေကာလိပ္မွာ ၂ ႏွစ္ၾကာတက္ေရာက္ရၿပီး အလယ္တန္းျပဆရာအျဖစ္ တာဝန္ထမ္းေဆာင္ဖို႔ ကေတာ့ တကၠသိုလ္တခုခုက ဘြဲ႕ရရွိရမွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ ပညာေရးဝန္ႀကီးဌာနက အေဝးသင္တကၠသိုလ္တက္ေရာက္ေရးအတြက္ ခြင့္ကို ၁၇ ရက္ေပးခဲ့ၿပီး ဒီအေပၚမွာ လုံေလာက္မႈမရွိတဲ့အတြက္ အခုလို ကမ္းပိန္းျပဳလုပ္ေတာင္းဆိုရတာ ျဖစ္တယ္လို႔ သိရပါတယ္။ ပညာေရးေကာလိပ္ ေက်ာင္းသားသမဂၢမ်ား ကိုယ္စားျပဳေကာ္မတီမွ ဗဟိုေကာ္မတီဝင္ ကိုညီညီမင္းထက္ေဝက "အနီးကပ္က ၁၀ ရက္နဲ႔ ေျဖဆိုဖို႔ ၇ ရက္ဆိုၿပီး ခြင့္ ၁၇ ရက္ထဲေပးတယ္။ ေဝးလံ ေခါင္းဖ်ားတဲ့ေနရာေတြကလာတက္မယ္ဆိုရင္ အသြားအျပန္နဲ႔တင္ အနည္းဆုံး ၅ ရက္ေလာက္ၾကာမယ္။ က်ေနာ္တို႔ ေကာလိပ္က ဆရာျဖစ္ေတြအတြက္ ဘယ္လိုမွ လုံေလာက္မႈမရွိဘူး။ဒါ့ေၾကာင့္ ခြင့္ရက္ကို ၁ လတိုးျမႇင့္ေပးဖို႔ ကမ္ပိန္းလုပ္ေတာင္းဆိုေတာ့ ကပ္ထားတဲ့ စတစ္ကာေတြ ခြာခံရတယ္။ ခြင့္ျပဳခ်က္မေတာင္းလို႔တဲ့။ ဒါလြတ္လပ္စြာ ထုတ္ေဖာ္ခြင့္ကို ပိတ္ပင္တယ္လို႔ ျမင္တယ္။ ဖိႏွိပ္တယ္လို႔လည္း ယူဆတယ္ " လို႔ ေျပာပါတယ္။ ကမ္ပိန္းျပဳလုပ္ေတာင္းဆိုရာမွာ ပညာဆက္လက္သင္ယူခြင့္ရရွိေရးနဲ႔ အေဝးသင္တကၠသိုလ္ တက္ေရာက္ရာမွာ ခြင့္လုံလုံေလာက္ေလာက္ရရွိေရးဆိုၿပီး အခ်က္ ၂ ခ်က္ကို အဓိကထား ေတာင္းဆိုခဲ့ၾကတာပါ။ ယခု စတစ္ကာကမ္ပိန္းကိုေတာ့ မုံ႐ြာပညာေရးေကာလိပ္ေက်ာင္းတြင္းမွာ ျပဳလုပ္ခဲ့တာ ျဖစ္ၿပီး ေက်ာင္းေဆာင္ေတြ ၊ ဆိုင္းဘုတ္ေတြနဲ႔ ေက်ာင္းအုပ္ႀကီး ႐ုံးခန္းေရွ႕မွာ ကပ္ႏွံခဲ့ပါတယ္။ သတင္း- ရန္ႏိုင္စိုး
2 years Ago
Up