အဝေးကြည့်မှန်ပြောင်

February 2, 2020

ဟာဝါရီကျွန်းပေါ်က မှန်ပြောင်းသစ် နေ၏မျက်နှာပြင်ကို အသေးစိတ် ပြသ

အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်းပေါ်က မီးတောင်ထိပ်မှာ တပ်ဆင်လိုက်တဲ့ အားကောင်းတဲ့ အဝေးကြည့်မှန်ပြောင်းအသစ်က နေရဲ့ မျက်နှာပြင်ကို အသေးစိတ် အကျဆုံး ပြသနိုင်ခဲ့ပါတယ်။ အမျိုးသားသိပ္ပံဖောင်ဒေးရှင်းက ဒယ်နီယယ် ဆိုလာတယ်လီစကုပ်က ဒီပုံတွေကို ဖမ်းယူ ရရှိခဲ့တာပါ။ ၁၃ ပေရှိတဲ့ ကမ္ဘာ့အကြီးဆုံးမှန်ကို တပ်ဆင်ထားတဲ့ ဒီအဝေးကြည့်မှန်ပြောင်းဟာ နေနဲ့ ကမ္ဘာဂြိုလ်အပေါ် နေရဲ့ သက်ရောက်မှုတွေ ပိုများများ နားလည်နိုင်စေတယ်လို့ ကော်လိုရာဒိုပြည်နယ်အခြေစိုက် အမျိုးသားနေစောင့်ကြည့်ရေးသုတေသနအဖွဲ့ NSO က ပြောပါတယ်။  ကမ္ဘာနဲ့ မိုင်ပေါင်း ၉၃ သန်းဝေးတဲ့ နေကို ဆူပွက်နေတဲ့ ဓာတ်ငွေ့တွေက ဖုံးနေတာကို မြင်ရတာပါ။  လျှပ်စစ်သံလိုက်လှိုင်းတွေရဲ့ ပြယုဂ်ကိုလည်း ရှင်းရှင်းလင်းလင်း မြင်ရတယ်လို့ NSO က ပြောပါတယ်။  နေရဲ့လှုပ်ရှားမှုတွေ ဒါမှမဟုတ် အာကာသရာသီဥတုကို လေ့လာရေးဟာ ကမ္ဘာပေါ်က ပြဿနာတွေကို ဟောကိန်းထုတ်ရာမှာ သိပ္ပံပညာရှင်တွေကို အထောက်အကူပေးပါတယ်။  နေရဲ့ သံလိုက်လှိုင်း ပေါက်ကွဲမှုတွေဟာ ဂြိုဟ်တုတွေကို အနှောင့်အယှက်ပေးပြီး ဂျီပီအက်စ်စနစ်ကို ဖောက်ပြန်စေတဲ့အပြင်လေကြောင်းခရီးသွားလုပ်ငန်းကိုလည်း အကျိုးသက်ရောက်စေပါတယ်။  ဒါ့အပြင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလိုင်းတွေကို ပိတ်ကျစေပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်စေပါတယ်။
1 year Ago
Up