အဝီစိတွင်းထဲ ပြုတ်ကျခဲ့သည့် ၃ နှစ်သမီးလေးကို ကယ်တင်

December 28, 2017

အဝီစိတွင်းထဲ ပြုတ်ကျခဲ့သည့် ၃ နှစ်သမီးလေးကို ကယ်တင် (ရုပ်သံ)

အိန္ဒိယနိုင်ငံမှာ အဝီစိတွင်းထဲ ၈ နာရီကြာ ပြုတ်ကျနေတဲ့ သုံးနှစ်အရွယ် မိန်းကလေးတဦးကို ဒီဇင်ဘာ ၂၅ ရက်က ကယ်တင်နိုင်ခဲ့ပါတယ်။ ရာဒါဆိုတဲ့ မိန်းကလေးငယ်ကို မီတာ ၅၀ အနက်ရှိတဲ့ အဝီစိတွင်းထဲကနေ မီးသတ်တပ်ဖွဲ့က ကယ်တင်နိုင်ခဲ့တာပါ။ ဒီဖြစ်ရပ်ဟာ အိန္ဒိယနိုင်ငံအရှေ့ပိုင်း အိုဒီရှာပြည်နယ်မှာ ဖြစ်ခဲ့ပြီး ကလေးဟာ ကစားရင်း မတော်တဆ ပြုတ်ကျသွားတာဖြစ်ပါတယ်။ ကလေးငယ်ရဲ့ အကူအညီတောင်းသံကြောင့် ဒေသခံတွေဟာ အပြေးအလွှား သွားရောက် ကယ်ဆယ်ခဲ့ကြပါတယ်။ နောက်ပိုင်း ကယ်ဆယ်ရေးအဖွဲ့ရောက်လာပြီး ကလေးကို ကယ်ဆယ်ကာ ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။ အခုတလော အိန္ဒိယနိုင်ငံမှာ ကလေးငယ်တွေ အဝီစိတွင်းထဲ ပြုတ်ကျတဲ့သတင်း မကြာခဏ ရေးသားဖော်ပြတာ တွေ့ရပါတယ်။ အိန္ဒိယနိုင်ငံမှာ အဝီစိတွင်းတူးတာဟာ တရားမဝင်ဖြစ်ပြီး မြေအောက်ရေရရှိမှု နိမ့်ကျသွားတဲ့ ဒေသတွေမှာ ရေရရှိစေဖို့ အဝီစိတွင်း တူးကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up