အဝယ်ရပ်

October 22, 2020

ကိုဗစ်ဒုတိယလှိုင်းကာလ ကျောက်မြောင်း စဥ့်လုပ်ငန်း အဝယ်ရပ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ကျောက်မြောင်းမြို့က စဥ့်လုပ်ငန်းတွေ ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလမှာ အဝယ်လုံးဝရပ်တန့်သွားတာကြောင့် အခက်အခဲ ကြုံနေကြတယ်လို့ စဥ့်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။ စဥ့်လုပ်ငန်းမှာ စက်တင်ဘာကစပြီး စားသောက်ကုန်လုပ်ငန်းမဟုတ်တဲ့အတွက် မလုပ်ကိုင်ရတော့တာကြောင့် အဝယ်ရပ်နားသွားရတာလို့ စဥ့်လုပ်ငန်းရှင်တွေက ဆိုပါတယ်။ စဥ့်အိုးနဲ့အခြားအိမ်သုံးပစ္စည်းတွေကို ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းကို အများဆုံးတင်ပို့နေပြီး ကိုဗစ်ကာလ အဲဒီဒေသတွေမှာ အသွားအလာ ကန့်သတ်ထားတာကြောင့် အဝယ်လုံးဝရပ်သွားတာလို့ A1 စဥ့်လုပ်ငန်းရှင် ဦးသက်ဦးက ပြောပါတယ်။ ဒါ့အပြင် ကိုဗစ်ကာလ ပွဲစဥ်စျေးတွေမှာ လိုက်လံရောင်းချတာ မပြုလုပ်နိုင်တော့တဲ့အတွက် စဥ့်ဝယ်ရောင်းလုပ်ကိုင်သူတွေ အခက်အခဲတွေ့နေကြတယ်လို့ စဥ့်ဝယ်ရောင်းလုပ်ကိုင်သူတွေဆီက သိရှိရပါတယ်။ ကျောက်မြောင်းမြို့ မှာ ရပ်ကွက် ၄ ရပ်ကွက်ရှိပြီး  အမှတ် ၄ ရပ်ကွက်မှာ နေထိုင်သူတွေက စဉ်လုပ်ငန်းကို လုပ်ကိုင်ကြပြီး စဉ့်လုပ်ငန်းရှင် ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။ သတင်း - ချိုသဲကြည်
1 year Ago
Up