အဝတ်အထည်

November 13, 2021

ကျောက်မဲမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် အဝတ်အထည်များ ကူညီထောက်ပံ့ (ဓာတ်ပုံ)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ရှိ  ယာယီစစ်ဘေးရှောင်းစခန်းတွေမှာ ခိုလှုံနေကြတဲ့ ပြည်သူလူထုတွေကို ရှမ်းပြည်သံဃာတွေနဲ့  ပြည်သူ ငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်ရေး ကော်မတီ‌က နိုဝင်ဘာ ၁၃ ရက် ဒီကနေ့ စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေ ထောက်ပံ့ ကူညီခဲ့ပါတယ်။

ကျောက်မဲမြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပူးပေါင်းမဟာမိတ်အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ပြည်သူလူထု ၂၀၀၀ ကျော် အိုးအိမ်စွန့် ခွာပြီး ယာယီစစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေရပါတယ်။

ရှမ်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်‌ပွဲ‌တွေ အမြန်ဆုံးရပ်ပြီး တွေ့ဆုံညှိနှိုင်းတဲ့ နည်းလမ်းနဲ့ ပြဿနာကို အလျင်အမြန်ဖြေရှင်းကြဖို့ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းတပ်နှစ်တပ်နဲ့ မဟာမိတ်တပ်တွေကို ရှမ်းပြည်သံဃာတွေနဲ့ ပြည်သူ ငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်ရေး ကော်မတီက ထပ်မံမေတ္တာရပ်ခံထားပါတယ်။

3 weeks Ago

April 7, 2021

သီပေါမြို့ရှိ စစ်ဘေးရှောင်ပြည်သူများကို အစားအစာနှင့် အဝတ်အထည်များလှူဒါန်း

ရှမ်းပြည်နယ်‌မြောက်ပိုင်း၊ သီပေါမြို့လယ်ရပ်ရှိ  စစ်ဘေးရှောင်စခန်းနဲ့ ရေဟော်ကျောင်းတိုက်မှာ ရောက်ရှိခိုလှုံနေကြတဲ့  စစ်ဘေးရှောင် တိုင်းရင်းသား ပြည်သူတွေကို နှလုံးသားပရဟိတအဖွဲ့က ဒီနေ့ ဧပြီ ၇ ရက်မှာ စားသောက်ကုန်တွေ၊ အဝတ်အထည်တွေနဲ့ မုန့်တွေ  ဒုတိယအကြိမ်အဖြစ်သွားရောက် လှူဒါန်းခဲ့ပါတယ်။

8 months Ago
Up