အဝတ်မပါ

August 6, 2017

အဝတ်မပါလေယာဉ်မယ်များဖြင့် ကြော်ငြာသည့် လေယာဉ်လိုင်း ဝေဖန်ခံရ (ရုပ်သံ)

by dvburma ကာဇက်စတန်နီ ခရီးသွားကုမ္ပဏီတခုဖြစ်တဲ့ ချိုကိုခရီးသွားကုမ္ပဏီက ဘာမှ မဝတ်ဆင်ထားဘဲ လည်စည်းပုဝါလေးတွေသာ စည်းထားတဲ့ အမျိုးသမီး လေယာဉ်မယ် ၇ ဦးနဲ့ သူတို့လေယာဉ်ကုမ္ပဏီရဲ့ အထူးဈေးနှုန်းတွေကို အမြန်ရွတ်ပြသွားတဲ့ ကြော်ငြာရုပ်သံတခု ထွက်ပေါ်လာပါတယ်။ အရောင်းမြှင့်တင်ရေး ကြော်ငြာရုပ်သံအတိုလေးကို လေယာဉ်မယ်အမျိုးသမီး ၂ ဦးရဲ့ အနီးကပ်မျက်နှာနဲ့ စထားပြီး အဲဒီနောက် အဝေးမြင်ကွင်းထဲမှာ ရုပ်သံကြော်ငြာထဲက လေယာဉ်မယ်တွေ ပုံမှန်ဝတ်စုံ လုံးဝ မဝတ်ထားဘူးဆိုတာကို ပြသနေပါတယ်။ ကြော်ငြာထဲက မော်ဒယ်တွေက သူတို့ရဲ့အောက်ပိုင်း အရှက်ကို ဦးထုတ်လေးတွေနဲ့သာ ဖုံးထားပြီး ကျန်အပိုင်းကိုတော့ ရင်ဘတ်ထိအမြင့် ကွန်ပြူတာဆာ့ခ်ျဘားနဲ့ ဖုံးထားတာကို ရုပ်သံထဲမှာ မြင်ရပါတယ်။ ဒီကြော်ငြာကို ယူကျု့ပေါ်မှာ ဖြန့်ဝေချိန်မှာတော့ မနှစ်သက်တဲ့ ကြည့်ရှု့တွေရဲ့ဝေဖန်ခြင်းကို ခံခဲ့ရပြီး “ဒါက သိပ်များလွန်းတယ် ရွံစရာကြီး” လို့ ကြည့်ရှုသူတဦးက မှတ်ချက်ရေးခဲ့ပါတယ်။ ကြော်ငြာရဲ့နောက်ကွယ်မှာ ရှိနေတဲ့ ဈေးပေါတဲ့ လေယာဉ်လိုင်းကို “မိမိနဲ့ လိင်မတူသူတွေကို ချိုးနှိမ်စိတ်ရှိသူ” လို့ လေယာဉ်စီးသူတွေက ဝေဖန်ချိန်မှာ ကုမ္ပဏီသူဌေးကတော့ ဒီအငြင်းပွားဖွယ်ရာ ကြော်ငြာနဲ့ပတ်သတ်ပြီး အခုလို ပြောပါတယ်။ ချိုကိုခရီးသွားကုမ္ပဏီရဲ့သူဌေးဖြစ်သူ နီကိုလေက “လေယာဉ်စီးသူတွေကို ဒီလို တဏှာ ရာဂ ကြော်ငြာမျိုးနဲ့ စော်ကားဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ဘူး” လို့ ဖေ့စ်ဘွတ်ခ်စာမျက်နှာထက် ရေးသားခဲ့ပါတယ်။ “ဒါက ရေကူးကန်မှာ၊ ကမ်းခြေမှာ တွေ့တာမျိုးလောက်ပါပဲ။ စကပ်တို ဒါမှမဟုတ် ရေကူးဝတ်စုံနဲ့တွေ့တဲ့ မိန်းကလေးတွေကို မင်းတို့ တိုက်ခိုက်ကြသလား” ဆိုပြီး ပြောထားပါတယ်။ ခရီးသွားကုမ္ပဏီရဲ့ ဝန်ထမ်းတဦးကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်မှာ “ဒါက လိင်အရ ခွဲခြားဆက်ဆံနှိမ်တာ လုံးဝမဟုတ်ဘူး၊ အမြင်သဘောထားတွေ မတူကြပါဘူး။ ဒါပေမယ့် ကြော်ငြာကို ပိုမိုအာရုံစိုက်လာပြီး လေယာဉ်လတ်မှတ်ဈေးနှုန်းတွေတော့ မြင့်သွားတယ်” လို့ ပြောပါတယ်။ သည်ဆန်းသတင်းဌာနက ချိုကိုခရီးသွားကုမ္ပဏီကို မှတ်ချက်ပေးဖို့ ဆက်သွယ်ထားတယ်လို့လည်း သည်ဆန်းသတင်းမှာ သြဂုတ်လ ၅ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up