မိဘမဲ့ ဆင်လေးတွေကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဝင်္ဂဘော်ဆင်စခန်းက ဆင်တွေကို မနေ့က အလှူရှင်တယောက်က ဘူဖေးပုံစံ အစားအစာတွေ ကျွေးမွေးခဲ့ပါတယ်။
ငွေကျပ် ၁ သိန်းဖိုးရှိတဲ့ ဖရဲသီး၊ ငှက်ပျောသီး၊ သရက်သီး၊ ကြံ စတာတွေကို စင်မှာ ခင်းထားပြီး စခန်းမှာရှိတဲ့ ဆင်ကြီး၊ ဆင်ငယ်တွေကို ကျွေးမွေးခဲ့တာပါ။
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင် ၄၀ မှာရှိတဲ့ ဝင်္ဂဘော်ဆင်စခန်းမှာ ဝန်တင်ဆင် ၈ ကောင်နဲ့ အမိမဲ့ဆင်လေး ၈ ကောင်အပါအဝင် ဆင်ကလေး ၁၂ ကောင်ရှိပါတယ်။
5 years Ago