အလှူရှင်တဦး

A d v e r t i s e m e n t With Us

December 25, 2020

ကျုံပျော်တွင် ကိုဗစ်ကာလ အခက်အခဲကြုံနေသူ ၃၀၀ ကျော်ကို အလှူရှင်တဦးက စားသုံးကုန်များ လှူဒါန်း

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့က မြို့ပေါ်ရပ်ကွက် ၄ ခုမှာ ဒီဇင်ဘာလ ၂၄ ရက်နေ့က ကိုဗစ်ကာလစားဝတ်နေရေး အခက်အခဲဖြစ်နေသူ ၃၁၅ ဦးကို စေတနာရှင်တစ်ဦးက အခြေခံစားသုံးကုန်တွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ကိုဗစ်ကာလမှာ အစိုးရက အခြေခံလူတန်းစားတွေကို စားသုံးကုန်တွေ ထောက်ပံ့ပေးတာတွေ ရှိပေမယ့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တားမြစ်ကန့်သတ်ထားတဲ့ကာလမှာ စား၀တ်နေရေးအဆင်မပြေတဲ့သူတွေ များလာလို့ တက်နိုင်သလောက် ကူညီထောက်ပံ့ပေးတာလို့ အလှူရှင် ဒေါ်တင့်တင့်ဝေက DVB ကို ပြောပါတယ်။ "အဓိက မြို့ပေါ်ရပ်ကွက် ၄ ခုမှာ ရှိတဲ့ စားဝတ်နေရေးအခက်အခဲရှိနေတဲ့လူတွေကို စာရင်းယူပြီး ဆန်တွေ၊ ဆီတွေနဲ့ စားသုံးကုန်တွေ လှူဒါန်းပေးတာပါ။ သမီးအငယ်ရဲ့ မွေးနေ့အတွက် လူသားချင်းစာနာတဲ့စိတ်နဲ့ ခုလို လှူပေးဖြစ်တာပါ" လို့ ပြောပါတယ်။ ကျုံပျော်မြို့ပေါ် ရပ်ကွက် ၄ ခုက စားဝတ်နေရေး အခက်ခဲရှိနေသူ ၃၁၅ ဦးအတွက် ၁ ဦးကို ဆန် ၃ ပြည်၊ ဆီ ၅၀ သား၊ ကြက်သွန်နီ ၅၀ သား၊ အချိုမှုန့် ၁ ထုပ်၊ ကြာဇံထုတ် ၁ ထုပ်၊ ဆား ၁ ထုပ်နဲ့ Mask  ၁၀ ခုလှူဒါန်းပေးခဲ့တယ်လို့ ဆိုပါတယ်။ ကိုဗစ်ကာလ လူစုလူဝေးမပြုလုပ်ဖို့အတွက် ညွှန်ကြားချက်တွေရှိတာကြောင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတွေကို အကြောင်းကြားပြီး ပြုလုပ်ခဲ့ကာ အလှူပြုလုပ်တဲ့နေမှာတော့ စည်ပင်၀န်ထမ်းတွေက လာရောက်ကူညီပေးတယ်လို့ သိရပါတယ်။ ကျုံပျော်မြို့က ရပ်ကွက် ၄ ခုက ဒေသခံပြည်သူတွေကို အခြေခံစားသုံးကုန်တွေ လှူဒါန်းပေးခဲ့တဲ့ အလှူရှင်ဟာ ဧပြီလနဲ့ အောက်တိုဘာလတွေတုန်းကလည်း ခုလို စား၀တ်နေရေးအခက်အခဲဖြစ်နေသူတွေကို လှူဒါန်းပေးတာမျိုးရှိခဲ့ပြီး နောက်ထပ်လည်းလှူဒါန်းသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ မင်းထက်မုန်း(ပုသိမ်)
2 months Ago
Up