အလွဲသုံးစားမှု

A d v e r t i s e m e n t With Us

January 9, 2021

ဝမ်းတွင်း ညောင်ပင်လှရွာ လျှပ်စစ်မီးလင်းရေးကော်မတီဝင် ၂ ဦးအား အလွဲသုံးစားမှုဖြင့် အမှုဖွင့် 

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ဒိုင်ကောင်းကုန်းကျေးရွာအုပ်စု၊ ညောင်ပင်လှရွာ လျှပ်စစ်မီးလင်းရေးကော်မတီဝင် ၂ ဦးအား ငွေကြေးအလွဲသုံးစားမှူနဲ့ ဇန်နဝါရီ ၈ ရက်နေ့က အမှူဖွင့် ဖမ်းဆီးလိုက်တယ်လို့ ရွှေတောင်ရွာရဲစခန်းက ပြောပါတယ်။

  ရွှေတောင်ရွာရဲစခန်းတာဝန်ကျ ရဲအရာရှိ ၁ ဦးက "ဟုတ်ပါတယ်၊ ရာဇသတ်ကြီးပုဒ်မ ၄၀၆ နဲ့ အမှူဖွင့်ပါတယ်။ အကြံတောင်းတင်တော့ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြစ်သွားလို့ ချုပ်ရက် ရမန်ယူထားပါတယ်" လို့ ပြောပါတယ်။

  ဝမ်းတွင်းမြို့နယ်မှာ ကျေးရွာပေါင်း ၂၁၈ ရွာရှိတဲ့အနက် ရွာ ၁၆၀ ကျော်၊ တမြို့နယ်လုံးရဲ့ ၇၄ ရာခိုင်နှူန်းလောက် လျှပ်စစ်မီးရနေပြီလို့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦသန်းလှိူင်က ပြောပါတယ်။

ညောင်ပင်လှရွာမှာ အိမ်ထောင်စု ၄၂၈ စုရှိနေပြီး အိမ်ထောင်စု ၃၁၆ အိမ် လျှပ်စစ်မီးလင်းနေပြီဖြစ်ပြီး လျှပ်စစ်မီးလင်းရေးကော်မတီကို ၉ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ 

တအိမ်ထောင်ကို မီတာနဲ့ မီးကြိုးမပါ လျှပ်စစ်မီးလင်းရေးရန်ပုံငွေ ၄ သိန်း ကောက်ခံလုပ်ဆောင်ခဲ့ရာ လျှပ်စစ်မီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးလှအောင်နဲ့ အတွင်းရေးမှူး ဦးမြသင်းတို့ဟာ လျှပ်စစ်မီးလင်းရေးရန်ပုံငွေ ၂၇၄ သိန်းအား ကော်မတီရဲ့ ဘဏ္ဍရေးမှူးနဲ့ ဘဏ်ကို မအပ်နှံဘဲ လက်ဝယ်ကိုင်ဆောင်သုံးစွဲခဲ့တာကြောင့် ညောင်ပင်လှရွာနေ ဦးလှငွေက တရားလိုလုပ်ပြီး အလွဲသုံးစားမှုနဲ့ တိုင်တန်း အမှူဖွင့်ခဲ့တာပါ။

ရွှေတောင်ရွာရဲစခန်းမှာ ဦးလှအောင် နှင့် ဦးမြသင်း တို့ကို အမှူအမှတ်စဉ် (ပ)၈၈/၂၀၂၀နဲ့ အမြင့်ဆုံးပြစ်ဒဏ်ထောင်ဒဏ် ၁၀ နှစ်အထိရှိတဲ့ အလွဲသုံးစားမှု ရာဇသတ်ကြီးပုဒ်မ ၄၀၉ နဲ့ အမှုဖွင့် ဖမ်းဆီးထားပါတယ်။

သတင်း-ဓာတ်ပုံ-မောင်မောင်လင်;

3 weeks Ago

May 22, 2020

ရွှေဘိုမြို့က ပုဂ္ဂလိက ဘဏ်ဝန်ထမ်း ၁ ဦးကို ငွေကျပ်သိန်း ၄၈၀၀ ကျော် အလွဲသုံးစားမှုဖြင့် ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း ၁ ဦးကို ငွေကျပ်သိန်း ၄၈၀၀ ကျော် အလွဲသုံးစားလုပ်မှုနဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့  ရွှေဘိုမြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ရွှေဘိုမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး သိန်းဆန်းဦးက “ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ ဝန်ထမ်းအမည်၊ ဘဏ်နာမည်တွေတော့ ပြောလို့မရဘူး။ ကျူးလွန်တယ်လို့ ယူဆရတဲ့သူကို ဖမ်းဆီးထားတယ်။ အမှုဖွင့်ပြီး စစ်ဆေးနေပါတယ်။ တစ်သောင်းတန်အုပ်မှာ ထိပ်ဆုံး ၁ ရွက်ရယ်၊ အောက်ဆုံး ၁ ရွက်ရယ်က တစ်သောင်းတန်ပေါ့။ ကြားထဲမှာက တစ်ထောင်တန်တွေ ထည့်ထားတာပေါ့။ ဒါကို သေသေချာချာ စစ်ဆေးနေတုန်းပါ။ စတွေ့တာတော့ ကောင်တာ Customer တစ်ဦးက စတွေ့တာပေါ့။" လို့ ပြောပါတယ်။ ဒီဗွီဘီက စုံစမ်းချက်အရ အဆိုပါဝန်ထမ်းဟာ ရွှေဘိုမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ (၁) က အသက် ၃၀ အရွယ် ဘဏ်ခွဲငွေကြေးတာဝန်ခံ အမျိုးသားတဦးဖြစ်ပြီး ငွေကျပ်သိန်းပေါင်း ၄၈၅၁ သိန်း အလွဲသုံးစားလုပ်မှု မေလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ မေလ ၁၉ ရက် ညနေပိုင်းမှာ ငွေထုတ်သူတဦးက ငွေတွေကို စစ်ဆေးချိန်မှာ  တစ်သောင်းတန်အုပ်အဖြစ်  တစ်ထောင်တန် ၉၈ ရွက်ကို တစ်သောင်းတန် ၂ ရွက် အထက်အောက်ညှပ်ပြီး ပြုလုပ်ထားတာကို စတင်တွေ့ရှိခဲ့ပြီး ဘဏ်တာဝန်ရှိသူတွေကို ပြောဆိုခဲ့လို့ တာဝန်ရှိသူတွေက ငွေထုတ်ကောင်တာနဲ့ ငွေသိုလှောင်ခန်းကို ဝင်ရောက်စစ်ဆေးရာမှာ အခုလို ပြုလုပ်ထားတာ ထပ်မံတွေ့ရှိခဲ့တာပါ။  ဘဏ်ရဲ့ ငွေထုတ်ကောင်တာမှာ တစ်သောင်းတန်အုပ် ကျပ်သိန်း ၁၀၀ စီပါ ၁၅ ထုပ်၊ ငွေသိုလှောင်ခန်းမှာ တစ်သောင်းတန် သိန်း ၁၀၀ စီပါ ၄၀ ထုပ်တို့ကို စစ်ဆေးရာမှာ အလားတူ ဖန်တီးပြုလုပ်ထားတာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ စုစုပေါင်း ငွေထုပ် ၅၅ ထုပ်မှာ ကျပ်သိန်း ၅၅၀၀ ရှိရမှာဖြစ်ပေမယ့် စစ်ဆေးရေတွက်ချိန်မှာ ၆၄၉ သိန်းသာ တွေ့ရှိရပြီး ၄၈၅၁ သိန်းထိ ကွာဟနေတာလည်းဖြစ်ပါတယ်။ ဒီအတွက် ဘဏ်ရဲ့ စီစီတီဗွီတွေကို ထပ်မံစစ်ဆေးရာမှာ ငွေကြေးတာဝန်ခံဆိုသူကို မသင်္ကာဖွယ်တွေ့ရတဲ့အတွက် ဖမ်းဆီးအမှုဖွင့်စစ်ဆေးနေတာလည်း ဖြစ်ပါတယ်။ ကျူးလွန်သူက ရွှေဘိုမြို့၊ အမှတ် ၁၀ ရပ်ကွက်နေသူဖြစ်ပြီး ကနဦး စစ်ဆေးချက်တွေအရ လောင်းကစားလုပ်မိတာကနေ ငွေလိုလို့ လုပ်တယ်ဆိုတာကို ဝန်ခံထွက်ဆိုထားတယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရွှေဘိုမြို့ ကမ္ဘောဇဘဏ်ခွဲ (၁) မန်နေဂျာ ဒေါ်ခင်မျိုးခိုင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ဖြေကြားခွင့်မရှိတဲ့အတွက် ရုံးချုပ်ကိုသာ ဆက်သွယ်မေးမြန်းဖို့ ပြောဆိုခဲ့ပါတယ်။  လတ်တလော ဖမ်းဆီးအမှုဖွင့်ခံထားရသူ ဘဏ်ခွဲငွေကြေးတာဝန်ခံဆိုသူကိုတော့ ရွှေဘိုမြို့မရဲစခန်းမှာ (ပ)၃၁၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၄၀၈ အရ အမှုဖွင့်အရေးယူနေပါတယ်။
8 months Ago
Up