အလွဲသုံးစားငွေ

November 1, 2019

အလွဲသုံးစားငွေပြန်ပေးရန် မလေးရှားသူဌေးနှင့်အမေရိကန်တရားရေးဌာန သဘောတူ

မလေးရှား ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ 1MDB ကနေ ဝရမ်းပြေးမိသားစုက အလွဲသုံးစား လုပ်ထားတဲ့ အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါးကို ပြန်ပေးဖို့ အမေရိကန် တရားရေးဌာနနဲ့ မလေးရှားသူဌေးကြီး ဂျိုလိုးတို့ အောက်တိုဘာ ၃၁ ရက်မှာ သဘောတူညီချက်ရခဲ့ပါတယ်။  ဂျိုလိုးအပါအဝင် ကြံရာပါတွေနဲ့ မလေးရှား တိုးတက်ရေး အဖွဲ့က အဆင့်မြင့် အရာရှိတွေဟာ ၂၀၀၉ကနေ ၂၀၁၅ ခုနှစ်ကြားမှာ နိုင်ငံပိုင် ရန်ပုံငွေထဲက အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံကျော်ကို ကဲ့ယူထားခဲ့ကြတယ်လို့ အမေရိကန် တရားရေးဌာနက ပြောပါတယ်။ မလေးရှား နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုအစိုးရ အရာရှိတွေ၊ ဝေါလ်စထရိ ဘဏ် ဂိုးလ်မဲန်းဆက်ခ်စ်အုပ်စု နိုင်ငံတကာ ကော်ပိုရေးရှင်းနဲ့ ဒွိုက်ချီဘဏ်တို့က အရာရှိတွေဟာ နှစ်ပေါင်းများစွာ လျှို့ဝှက်ပူးပေါင်း ကြံစည်မှုမှာ ပါဝင်ခဲ့ကြတယ်လို့ ရိုက်တာ သတင်းဌာနက အစီရင်ခံပါတယ်။  မလေးရှား သူဌေး ဂျိုလိုးကတော့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့နဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွေက အမေရိကန်ဒေါ်လာ သန်း ၇၀၀ တန်ဖိုးရှိတဲ့ တန်ဖိုးကြီး အိမ်ရာတွေ၊ တခြား ရင်းနှီးမြှုပ်နှံမှုတွေကို စွန့်လွှတ်ဖို့ သဘောတူထားတယ်လို့ တရားရေးဌာနက အောက်တိုဘာ ၃၀ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။ သဘောတူညီချက်ထဲမှာ ဗြိတိန်နဲ့ ဆွစ်ဇာလန်နိုင်ငံတွေထဲက ပိုင်ဆိုင်မှုတွေလည်း ပါတယ်လို့ ဆိုပါတယ်။
2 years Ago
Up