အလှမယ် (ရုပ်သံ)

August 27, 2017

တိုက်ရိုက်ရုပ်သံလွှင့်နေစဉ် ရင်သားတခြမ်းပေါ်သွားသည့် အလှမယ် (ရုပ်သံ)

ဒီအပတ်ထဲမှာ ဗင်နီဇွဲလားနိုင်ငံမှာ ကျင်းပသွားတဲ့ Miss Earth ဆိုတဲ့ မယ်ကမ္ဘာမြေ အလှမယ်ယှဉ်ပြိုင်ပွဲအတွက် တိုက်ရိုက်ရုပ်သံလွှင့်နေစဉ် အလှမယ်တဦးရဲ့ ရေကူးဝတ်စုံ လျောကျပြီး သူမရဲ့ ရင်သားတခြမ်းပေါ်သွားတဲ့ ရှက်ဖွယ် ရုပ်သံတခု ထွက်ပေါ်လာပါတယ်။ မယ်ကမ္ဘာအလှမယ်ပြိုင်ပွဲမှာ ဗင်နီဇွဲလားနိုင်ငံကို ကိုယ်စားပြုနိုင်ဖို့အတွက် ဗင်နီဇွဲလား မော်ဒယ် တဦးဖြစ်သူ ဖာဘီရန်နီဇမ်ဘရာနိုက စင်မြင့်တက်  ယုံကြည်မှုရှိရှိ လမ်းလျှောက်ပြီး ပြိုင်ပွဲဝင်နေတာနဲ့ ရုပ်သံရဲ့ အစပိုင်းကို မြင်ရပါတယ်။ ဆံပင်အနက်ရောင်နဲ့ ပြိုင်ပွဲဝင်အလှမယ် မော်ဒယ်က ရေကူးဝတ်စုံနဲ့ ယှဉ်ပြိုင်မှုအတွက် စင်ပေါ်မှာ လမ်းလျှောက်ပြနေတာပါ ဒါပေမယ့် သူမ စင်မြင့်ထောင်ဖက်နား လမ်းလျှောက်ပြနေချိန်မှာ သူမရဲ့ ရေကူးဝတ်စုံ တခုခု ချွတ်ယွင်းသွားပြီး ရှက်ဖွယ်အဖြစ်နဲ့ အဆုံးသတ်ခဲ့ရပါတယ်။ သူမရဲ့ ကျောဖက်ဗလာ ရေကူးဝတ်စုံက အခြားတဖက်ကို ပိုစောင်းသွားပြီး သူမရဲ့ ဘယ်ဖက်ရင်သားတွေကို ကင်မရာရှေ့ လှစ်ပြလိုက်သလို ဖြစ်သွားခဲ့တာပါ မော်ဒယ်ကတော့ သူမရဲ့ ဝတ်စုံ ချွတ်ယွင်းသွားတာနဲ့ပတ်သက်ပြီး စိတ်အနှောက်အယှက် ဖြစ်ပုံမရပဲ ဆက်ပြီး ယုံကြည်ချက်ရှိရှိ စင်မြင့်ထက် ပြုံးပြုံးလေး လမ်းလျှောက်သွားတာကို ရုပ်သံထဲမှာ တွေ့ရတယ်လို့ မေရာသတင်းမှာ ဖေါ်ပြထားပါတယ်။ ရှယ်ဖွယ် မတော်တဆမှုနဲ့ကြုံရသည့်တိုင် မော်ဒယ်က အလုပ်သဘောဆန်ဆန် ယုံကြည်မှုရှိရှိ ဖြစ်ခဲ့ပေမယ့် သူမရဲ့ပြိုင်ဖက် မော်ဒယ် နီနိုစကာဗက်စကွိ့ဇ်အယ်ဗာရက်စ်က ပြိုင်ပွဲမှာ မယ်ကမ္ဘာမြေ အလှမယ်ဆု ရခဲ့တယ်လို့ သိရပါတယ်။
4 years Ago
Up