အလှမယ် အိဖြိုးသွယ် အမြန်လမ်းတွင် ကားမှောက်ကွယ်လွန်

A d v e r t i s e m e n t With Us

April 11, 2016

အလှမယ် အိဖြိုးသွယ် အမြန်လမ်းတွင် ကားမှောက်ကွယ်လွန်

ပြီးခဲ့တဲ့နှစ်က Miss Universe Myanmar မယ်ပြိုင်ပွဲမှာ နောက်ဆုံး ဆန်ကာတင် ၅ ဦးထဲ ရွေးချယ်ခံရ သူတဦးဖြစ်တဲ့ မော်လမြိုင်ကိုယ်စားပြု အလှမယ် မအိဖြိုးသွယ်ဟာ ရန်ကုန် - မန္တလေး အမြန်လမ်းပေါ်မှာ ယာဉ်မတော်တဆမှုဖြစ်ပွားပြီး ကွယ်လွန်သွားပါတယ်။ ဧပြီ ၁၁ရက် မနက် ၈ နာရီ ၄၀ အချိန်က ရန်ကုန် - မန္တလေး အမြန်လမ်း မိုင် ၉၇/၂ - ၉၇/၃ ကြား မှာ မအိဖြိုးသွယ် မောင်းနှင်လာတဲ့ ပရာဒိုကား ရှေ့ဘယ်ဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တာလို့ ဆောက်လုပ်ရေးဝန်ကြီးဌာန လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ယာဉ်ပေါ်မှာ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၁ဦး စုစုပေါင်း (၅)ဦး လိုက်ပါလာရာမှာ ယာဉ်မောင်း မအိဖြိုးသွယ်ဟာ အခင်းဖြစ်ပွားရာနေရာမှာ သေဆုံးသွားခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိခဲ့သူတွေကို မြို့ချောင်းတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာမှာ အမျိုးသမီး ၁ ဦး ဆေးရုံမှာ ထပ်မံ သေဆုံးသွားတယ်လို့ သတင်းမှာဖော်ပြပါတယ်။ ဓာတ်ပုံ - ministry of construction
5 years Ago
Up