အလံနက်

March 13, 2021

လှိုင်မြို့နယ်တွင် အလံနက်လွှင့်တင်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ မတ် ၁၂ ရက်ညက ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး  မတ်လ ၁၃ ရက်နေ့မှာ  အလံနက် လွှင့်တင်လိုက်ပြီလို့   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး က  သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

မတ် ၁၂ ရက်နေညပိုင်းက စစ်​ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေဟာ လှိုင်မြို့နယ် (၉) ရပ်ကွက်၊ NLD ရပ်ကျေးရုံးခန်းနဲ့ မြို့နယ်စည်ပင်ဥက္ကဋ္ဌ နေအိမ်၊ (၁၀) ရပ်ကွက်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တို့ရဲ့နေအိမ်တွေကို တံခါးဖျက် ဝင်ရောက်စီးနင်းခဲ့ပါတယ်။

ဒါ့အပြင် သုခမြိုင်အိမ်ရာ တံခါးကို ချိုးဖျက်ပြီး ကားမှန်တွေကို ရိုက်ခွဲခဲ့ပါတယ်။

လှိုင် (၁၆) ရပ်ကွက်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ရာမှာတော့  ရပ်ကွက်နေပြည်သူတွေက သံပုံးတီးပြီး ကြွေးကြော်ခဲ့တဲ့အတွက် သေနတ်ပစ်ဖောက်ခဲ့ပြီး   ၁၂၊ ၁၃ နဲ့ ၁၄ ရပ်ကွက် ပြည်သူလူထုက ၁၆ ရပ်ကွက်ကို လာရောက်ဝန်းရံခဲ့ပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေက ပါရမီလမ်းမှာ ပစ်ခတ်မှုတွေကြောင့် ၁၃ ရပ်ကွက်က လူငယ်တစ်ဦး ဦးခေါင်းကျဉ်ထိမှန် (အထူးစိုးရိမ်ရ) ခဲ့ပြီး၊ ၃ ဦး ဒဏ်ရာရရှိခဲ့ကာ အဖမ်းခံရသူတော့မရှိခဲ့ပါဘူး။

2 years Ago
Up