ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးက အမေရိကန်အလံကို မတ်လ ၃၁ ရက်နေ့ညနေက ဖယ်ရှားလိုက်ပါတယ်။
အဲဒီနေ့ အစောပိုင်းက ကောင်စစ်ဝန်ရုံးအတွင်းက လူတွေ အိတ်တွေ၊ ဘူးတွေ သယ်ဆောင်ပြီး ကားပေါ်တင်နေတာကို မြင်တွေ့ရပါတယ်။
မတ်လ ၂၉ ရက်နေ့က ရုရှားအစိုးရဟာ အမေရိကန် ကောင်စစ်ဝန်ရုံးကို ပိတ်ဖို့ပြောကြားခဲ့ပြီး အမေရိကန် သံတမန် ၆၀ ကို နှင်ထုတ်ခဲ့ပါတယ်။
မတ် ၃၀ ရက်နေ့ကလည်း ရုရှားအစိုးရဟာ မိမိသံတမန်တွေ နှင်ထုတ်ခံရတာကို တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံပေါင်း ၂၃ နိုင်ငံက သံတမန် ၅၉ ဦးကို နှင်ထုတ်ခဲ့ပါတယ်။
အခုလုပ်ရပ်နဲ့ ပတ်သက်ပြီး ရုရှားအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန်-ရုရှား ဆက်ဆံရေးကို ပိုမိုဆိုးရွားစေနိုင်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့တယ်လို့ ရိုက်တာ သတင်းအရ သိရပါတယ်။
3 years Ago