အလေးမပြိုင်ပွဲ

October 6, 2020

အီရန်အမျိုးသမီးများ အလေးမပြိုင်ပွဲတွင် ပထမဆုံးအကြိမ် တရားဝင်ပြိုင်ခွင့်ရ

အီရန်နိုင်ငံက အမျိုးသမီးတွေဟာ ပထမဆုံးအနေနဲ့ အလေးမပြိုင်ပွဲတွေမှာ တရားဝင်ပြိုင်ခွင့် ရတော့မှာပါ။ ကန့်သတ်ချက်တွေကို လတ်တလောမှာ ဖယ်ရှားလိုက်ပြီး အမျိုးသမီး အလေးမ အားကစားမယ်တဖွဲ့ တရားဝင် ရှိလာမယ်လို့ အီရန်ကာယဗလအသင်းချုပ်က ဆိုပါတယ်။ အမျိုးသမီး အဖွဲ့ဝင်တယောက်ကတော့ အသက် ၂၉ နှစ်အရွယ် အမျိုးသမီး အားကစားမယ် အာဇမ်ဖှာရာဟာနီ ဖြစ်ပြီး သူ့ခင်ပွန်းက သူ့အားကစားလုပ်တာကို ထောက်ခံ အားပေးပါတယ်။ သူဟာ အလေးမ အားကစားကို ၇ နှစ်ကြာ ပါဝင်ခဲ့ပြီး တရားမဝင် ပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေ ရခဲ့ဖူးသူပါ။ ခုတော့ ဒီအားကစားနည်းမှာ အင်မတန်ကောင်းတဲ့ ရလဒ်တွေရဖို့ အီရန် အမျိုးသမီးတွေ အခွင့်အရေးရလာပြီလို့ သူက ယုံကြည်ထားပါတယ်။ အီရန် အမျိုးသမီး အလေးမအသင်းဝင်နဲ့ နည်းပြ မီနာဂေါ်ဘာရီကလည်း အီရန်က အမျိုးသမီးတွေ တရားဝင်ပြိုင်ပွဲတွေမှာ ပါဝင်ခွင့်ရနိုင်ပြီဆိုတဲ့ သတင်းကို ကြိုဆိုလိုက်ပါတယ်။ အီရန်မှာ အမျိုးသမီး အလေးမ အားကစားမယ်တွေဟာ သူတို့ရဲ့ ကြွက်သားတည်ဆောက်ပုံ ဖွံ့ဖြိုးတဲ့ ကိုယ်ကာယကြောင့် လူမှုရေး မျှော်လင့်ချက်တွေနဲ့ မကိုက်ညီဘဲ အမည်းစက်သဖွယ် မကြာခဏ ဆက်ဆံခံရတယ်လို့ ရိုက်တာ သတင်းမှာ ရေးသားထားပါတယ်။
7 months Ago
Up