အလောင်း ၄ လောင်းတွေ့ရှိ

October 30, 2019

စပိန်ကမ်းခြေတွင် လှေစီး ဒုက္ခသည် ၂၉ ဦးကို ကယ်ဆယ်၊ အလောင်း ၄ လောင်းတွေ့ရှိ

စပိန်နိုင်ငံ၊ ဂရန်းကာနာရီယာကျွန်း၊ ကမ်းရိုးတန်းရေပြင်က ကုန်သည်လှေတစီးပေါ်မှာ အောက်တိုဘာ ၂၉ ရက်က အလောင်း ၄ လောင်း တွေ့ရှိခဲ့ပြီး အသက်ရှင် ကျန်ရစ်တဲ့ ဒုက္ခသည် ၂၉ ယောက်ကို ကယ်ဆယ်ခဲ့တယ်လို့ စပိန်အစိုးရက ပြောပါတယ်။ လှေပေါ်ကနေ ကယ်တင်လာတဲ့ ဒုက္ခသည်တွေကို ကာနေရီကျွန်းဆိပ်ကမ်းဆီကို ခေါ်ဆောင်လာပြီး စပိန်ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ ကြက်ခြေနီအဖွဲ့တို့က လိုအပ်တဲ့ အကူအညီပေးခဲ့ကြပါတယ်။ အခုနှစ်အတွင်း လက်ရှိအချိန်ထိ ပင်လယ်ပြင်ခရီးနှင်ပြီး စပိန်နိုင်ငံကို ရောက်လာတဲ့ ဒုက္ခသည်အရေအတွက်၂၀၀၀၀ လောက် ရှိတယ်လို့ စပိန်ပြည်ထဲရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီပမာဏဟာ ဒုက္ခသည်အယောက် ၄၃၀၀၀ ကျော်ရောက်လာတဲ့ ၂၀၁၈ ခုနှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင်တော့ ထက်ဝက်ကျော် ကျဆင်းသွားတာပါ။  အရေအတွက်အားလုံး ခြုံကြည့်ရင်တော့ ပင်လယ်ခရီးနှင်ပြီး စပိန်နိုင်ငံဆီကို  ရောက်လာတဲ့ ဒုက္ခသည်ပမာဏ ကျဆင်းသွားပေမယ့် ဂရန်ကာနာရီယာကျွန်းဆီကို ရောက်လာတဲ့ ဒုက္ခသည် ဦးရေဟာ  ၂၀၁၉ အောက်တိုဘာ ၁၄ ရက်နေ့အထိ ၁၀၂၆ ယောက်ရှိပြီး ၂၀၁၈ ခုနှစ်ကတော့ ၉၅၉ ဦးပဲ ရှိတာကြောင့် အရေအတွက် တိုးလာတာ တွေ့ရတယ်လို့ စပိန်ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။
2 years Ago
Up