အလောင်း ပြန်တွေ့

July 6, 2020

အာဂျင်တီးနားဒုသမ္မတ၏ကိုယ်ရေးအရာရှိ အလောင်း ပြန်တွေ့ 

ပျောက်ဆုံးနေတဲ့ အာဂျင်တီးနား ဒုသမ္မတရဲ့ ကိုယ်ရေးအတွင်းဝန် ဖာဘီယံ ဂုတီးယားရက်စ်ရဲ့ အလောင်းကို အယ်လ်ကာလာဖာတေမြို့မှာ ဇူလိုင် ၄ ရက်က တွေ့ရှိခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး လူ ၄ ယောက်ကို ဖမ်းထားတယ်လို့ ဒေသခံမီဒီယာက ဆိုပါတယ်။ သံသယဖြစ်စရာ ထိုးသွင်းဒဏ်ရာတခုနဲ့ ရုပ်ပိုင်းဆိုင်ရာ ရုန်းကန်ထားတဲ့လက္ခဏာတွေ ရှိနေတဲ့ ရုပ်အလောင်းကို သံသယရှိသူ တယောက်ရဲ့ အိမ်မှာ တွေ့ခဲ့တာပါ။ ၂၀၁၈ ခုနှစ်က ဂုတီးယားရက်စ်ဟာ အများပြည်သူဆိုင်ရာစီမံကိန်းတွေနဲ့ ပတ်သက်တဲ့ အဂတိလိုက်စားမှုဆိုင်ရာ ကိစ္စတရပ်နဲ့ ပတ်သက်နေပါတယ်။ သူဟာ ၂၀၁၉ မှာတော့ ငွေမည်း ခဝါချမှု စွဲချက်တွေနဲ့ ဖမ်းဆီး ထောင်ချခံခဲ့ရဖူးပါတယ်။
9 months Ago

February 9, 2020

ဖြူးချောင်း ရေလွှဲဆည်အတွင်း ရေနစ်ပျောက်ဆုံးခဲ့သူ အလောင်းပြန်တွေ့

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဖြူးချောင်း ရေလွှဲဆည်အတွင်း ရေနစ်ပျောက်ဆုံးနေတဲ့ အမျိုးသားတဦးရဲ့ အလောင်းကို ဒီနေ့ မွန်းလွဲပိုင်း ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဖြူးမြို့မရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။ သေဆုံးသွားတဲ့ ကိုအောင်ကိုဝင်းဟာ ဖေဖော်ဝါရီ ၈ ရက်နေ့က ဆည်အတွင်း ရေဆင်းကူးရာက ရေနစ် ပျောက်ဆုံးခဲ့တာပါ။ လက်ရှိမှာတော့ အဆိုပါအလောင်းအား ဖြူးမြို့နယ်ဆေးရုံကို ပို့ဆောင်ထားပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် စစ်ဆေးနေတယ်လို့ ဖြူမြို့မရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ “ဆည်ကို လာလည်ရင်းကနေ ရေဆင်းကူးရာက ရေနစ်သွားတာပါ။ ဒီနေ့မှ အလောင်းပြန်တွေ့တာ။ ခုလက်ရှိတော့ အလောင်းကို ဖြူးဆေးရုံ ပို့ထားပါတယ်။” အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဖြူးမြို့မရဲတပ်ဖွဲ့စခန်းမှာ သေမှုသေခင်းဖွင့်လှစ် စစ်ဆေးနေတယ်လို့ သိရပါတယ်။ ကျော်အောင်(ကညွတ်ကွင်း)
1 year Ago
Up