အလူမီနီယံအခွန်

June 1, 2018

အမေရိကန်ကိုတင်သွင်းသည့် သံမဏိနှင့်အလူမီနီယံအခွန် စတင်အသက်ဝင်

ဥရောပသမဂ္ဂ(အီးယူ)အဖွဲ့ဝင်နိုင်ငံတွေ၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေကနေ အမေရိကန်ဆီ တင်သွင်းလာတဲ့ သံမဏိနဲ့အလူမီနီယံ သွင်းကုန်တွေကို အခွန်ကောက်မယ့် အစီအစဉ်ဟာ ဒီနေ့စပြီးအသက်ဝင်မယ်လို့ အမေရိကန်စီးပွားကူးသန်းဝန်ကြီး ၀ီလ်ဘာရော့စ် က ပြောလိုက်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အဓိကကုန်သွယ်ဖက်တွေအပေါ် အခုလို အခွန်တိုးကောက်ဖို့ ယာယီဆိုင်းငံ့ထားတာကို သက်တမ်းထပ်မတိုးဖို့ ဆုံးဖြတ်ထားပြီး ဖြစ်တယ်လို့ ၀န်ကြီးကပြောပါတယ်။ ပြန်လည်ဖြေရှင်းဖို့လိုတဲ့ တခြားကိစ္စတွေ ရှိနေသေးတာကြောင့် အမေရိကန်ဟာ ဥရောပကော်မရှင်၊ ကနေဒါ၊ မက္ကဆီကိုတို့နဲ့ သီးခြားဆွေးနွေးဖို့ မျှော်လင့်နေတယ်လို့လည်း ၀န်ကြီးကပြောပါတယ်။ သံမဏိသွင်းကုန်ကို ၂၅ ရာခိုင်နှုန်း၊ အလူမီနီယံကို ၁၀ ရာခိုင်နှုန်း အခွန်ကောက်သွားဖို့ သမ္မတထရမ့်က မတ်လမှာ စီစဉ်ခဲ့တာပါ။ ထရမ့်အစိုးရရဲ့ အခုအစီအစဉ်ကြောင့် အမေရိကန်နဲ့သူ့ရဲ့ အဓိကကုန်သွယ်ဖက် နိုင်ငံတွေကြားမှာ ကုန်သွယ်မှုဆိုင်ရာပွတ်တိုက်မှု နောက်ထပ်မြင့်တက်လာနိုင်ချေရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up