အလုံးရေ သန်း ၁၀၀

December 31, 2020

ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ အင်ဒိုနီးရှားဝယ်ယူမည်

ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ အတွက် အက်စ်ထရာဇန်နက်ကာ၊ နိုဗာဗက်စ် ကုမ္ပဏီတွေနဲ့ သဘောတူလက်မှတ်ထိုးထားတယ်လို့  အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက  ဒီဇင်ဘာလ ၃၀ ရက်မှာ ပြောပါတယ်။ သဘောတူစာချုပ်တွေဟာ  အက်စ်ထရာဇန်နက်ကာနဲ့ နိုဗာဗက်စ် ကုမ္ပဏီတို့ ကနေ ကာကွယ်ဆေးလုံးရေ သန်း ၅၀  စီ  ဝယ်ယူရေး   ဖြစ်ပါတယ်။  အစိုးရအနေနဲ့ ကမ္ဘာ့စတုတ္ထလူဦးရေ အများဆုံး နိုင်ငံအတွက် ကာကွယ်ဆေးပိုမိုရရှိဖို့   နှစ်နိုင်ငံချင်းနဲ့ နိုင်ငံပေါင်းစုံ လမ်းကြောင်းတွေကနေ လုပ်ဆောင်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ရက်တိုမာဆူနီက ပြောပါတယ်။ လာမယ့် ဇန်နဝါရီနဲ့ ဧပြီအတွင်းရမယ့် ပထမအသုတ်ကိုဗစ်ကာကွယ်ဆေးကို  လူဦးရေ ၁ ဒသမ ၃ သန်း ရှိတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ဦးစားပေး ထိုးနှံသွားမယ်လို့ သိရပါတယ်။ နောက်ထပ် ကာကွယ်ဆေး ထိုးနှံပေးမယ့်သူတွေကတော့ ပြည်သူ့ဝန်ထမ်းတွေ ဖြစ်ပါတယ်။   ဒုတိယအသုတ်မှာတော့ အသက် ၁၈ နဲ့ ၅၉ အကြား အန္တရာယ်ရှိ ကူးစက်ခံရသူတွေကို ထိုးနှံပေးသွားမယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ အရှေ့တောင်အာရှဒေသမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အများဆုံး ရှိနေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ 
10 months Ago
Up