အလုပ်သမား ၁၅၀၀

July 8, 2020

အလုပ်သမား ၁၅၀၀ ကိုဗစ်-၁၉ ရောဂါ တွေ့ခဲ့သည့် ဂျာမနီ တန်နီးစ်သားသတ်ရုံ ဇူလိုင် ၁၇ ရက်ထိ ပိတ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများအပြားဖြစ်ခဲ့တဲ့ ဂျာမနီနိုင်ငံ တန်နီးစ် သားသတ်ရုံနဲ့ အသားထုပ်ပိုးစက်ရုံရဲ့ ကျန်းမာရေး လုပ်ထုံးလုပ်နည်းတွေကို ကျေနပ်မှုမရှိမချင်း ပြန်ဖွင့်ခွင့်ပြုမှာ မဟုတ်ဘူးလို့ တာဝန်ရှိသူက ဇူလိုင် ၇  ရက်မှာ ပြောဆိုလိုက်ပါတယ်။  တန်နီးစ်သားသတ်ရုံနဲ့ အသားထုပ်ပိုးစက်ရုံ အလုပ်သမား ၁၅၀၀ ကျော်မှာ   ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိပြီးနောက် စက်ရုံကို ပိတ်ထားခဲ့ပြီး အနီးဝန်းကျင် ဂလူတာစလိုခရိုင်က နေထိုင်သူ ၆၀,၀၀၀ ကိုလည်း ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်မှာ အသွားအလာ ကန့်သတ်မှု လောင့်ဒေါင်းချထားပါတယ်။ ဂလူတာစလို ခရိုင်အုပ်ချုပ်ရေးမှူးက စက်ရုံအလုပ်သမားတွေနဲ့ ဂလူတာစလိုခရိုင်က နေထိုင်သူတွေကို ခြိမ်းခြောက်မှု မရှိပါမှ စက်ရုံ ပြန်ဖွင့်ခွင့်ပေးမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အဲဒီစက်ရုံကို ဇူလိုင် ၁၇ ရက်အထိ ပိတ်ထားဖို့ ယာယီညွှန်ကြားထားတယ်လို့လည်း ရိုက်တာသတင်းအရ သိရပါတယ်။
10 months Ago
Up