အလုပ်သမားများ

February 17, 2021

လှိုင်သာယာ အလုပ်သမားများ စစ်အာဏာရှင်ကျဆုံးရေးဆန္ဒပြ (ဓာတ်ပုံ)

သောင်းနဲ့ ချီတဲ့လုပ်သားပြည်သူတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလူပ်ရှားမှုတွေနဲ့အတူ ပြန်လည် အသက်ဝင်လာတဲ့ ရန်ကုန် လှိုင်သာယာမြို့နယ်ရဲ့ ဒီကနေ့ မနက် ၉ နာရီ မြင်ကွင်းပုံရိပ်တွေ ဖြစ်ပါတယ်။ 

ဖေဖော်ဝါရီ ၁၇ ရက် ဒီကနေ့မနက်မှာဆိုရင် စက်ရုံအလုပ်ရုံတွေအသီးသီးက သောင်းနဲ့ချီတဲ့ အလုပ်သမားတွေဟာ  အလုပ်ခွင်တွေပြန်ရပ်ပြီး စစ်အာဏာရှင်စနစ်ကျဆုံးရေး လူထုလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာကြပါတယ်။

9 months Ago

October 14, 2020

အလုပ်သမားများကို သွေးဖောက်စစ်ဆေးခဲ့သည့် အထည်ချုပ်စက်ရုံတာဝန်ခံ သတိပေးခံရ 

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ စိုက်ဖုံအင်တာနေရှင်နယ် အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၀၀၀ ကျော်ကို  Test Kit ပုံစံစက်တွေနဲ့  သွေးဖောက်စစ်ဆေးခဲ့တဲ့ စက်ရုံ တာဝန်ရှိသူကို ကျန်းမာရေးဌာနက ခံဝန်ထိုးခိုင်းခဲ့တယ်လို့ လှိုင်သာယာမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာကြူကြူသင်းက ပြောပါတယ်။ လှိုင်သာယာပြည်သူ့ဆေးရုံအုပ်ကြီးရုံးခန်းမှာ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး စက်ရုံတာဝန်ရှိသူကို ခံဝန်လက်မှတ်ရေးထိုးခိုင်းခဲ့ကာ နောက်ထပ်ဒီလိုစစ်ဆေးမှုတွေပြုလုပ်ရင် ဥပဒေအရအရေးယူမှာဖြစ်ကြောင်း အသိပေးခဲ့တယ်လို့ဆိုပါတယ်။ "သူတို့ကိုယ်ပိုင်ထုတ်Test Kit တွေနဲ့စစ်ဆေးတာက ဒီနိုင်ငံမှာ တရားဝင်ခွင့်ပြုထားခြင်း မရှိပေမဲ့ နောင်တစ်ချိန်မှာ အသုံးဝင်မလာနိုင်ဘူးလို့လည်းမပြောပါဘူး။ သွေးဖောက်ပြီးစစ်ရတာ မဟုတ်ဘဲ အာခေါင်၊ တို့ဖတ်ယူပြီး စစ်ရတာပါ။ အလုပ်သမားတွေက ကိုဗစ်နဲ့ပတ်သတ်တဲ့ လက္ခဏာတစ်စုံတစ်ရာပြသမှုမရှိဘဲ စစ်ဆေးခဲ့ပြီး အလုပ်သမား ၁၆၀ ကျော်မှာ ပိုးတွေ့တယ်လို့ အတည်ယူပြီး အိမ်ပြန်လွှတ်ခဲ့ကြတယ် "လို့ ဒေါက်တာကြူကြူသင်းက ပြောပါတယ်။ မြန်မာနိုင်ငံ အထ​ည်ချုပ်လုပ်ငန်းရှင်များအသင်းကလည်း "ကိုဗစ်နဲ့ပတ်သတ်တဲ့ စစ်ဆေးမှုတွေဟာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကသာ တာဝန်ယူဆောင်ရွက်နေပြီး ပုဂ္ဂလိကစက်ရုံ၊ လုပ်ငန်းများကို မိမိအစီအစဉ်နဲ့  တရားဝင်စစ်ခိုင်းထားခြင်းမရှိတဲ့အတွက် ခွင့်ပြုချက်မရှိဘဲလုပ်ဆောင်ပါက တည်ဆဲဥပဒေတွေနဲ့ အရေးယူခံရနိုင်တယ်လို့" ထုတ်ပြန်လိုက်ပါတယ်။ အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းက အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးက အခုလို လူစုလူဝေးနဲ့စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့အပေါ် စိုးရိမ်မှုတွေရှိတဲ့အတွက်ကြောင့် သက်ဆိုင်ရာဌာန တွေကို အကြောင်းကြားပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ကို တိုင်ကြားခဲ့ပါတယ်။ သတင်း - အိသဇင်ခိုင်၊  ဓာတ်ပုံ - CtumMyanmar
1 year Ago
More News
Up