အလုပ်လက်မဲ့နှုန်

A d v e r t i s e m e n t With Us

June 18, 2020

ကိုရိုနာကပ်ဘေးကြောင့် သြစတြေးလျ အလုပ်လက်မဲ့နှုန်း အမြင့်ဆုံးရောက်

ကိုရိုနာကပ်ရောဂါကြောင့် သြစတြေးလျနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ ၁၉ နှစ်တာအတွင်း အမြင့်ဆုံးရောက်ခဲ့တယ်လို့ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ဇွန် ၁၈ ရက်မှာ ပြောလိုက်ပါတယ်။    ကိုရိုနာကပ်ဘေးကြောင့် လုပ်ခဲ့ရတဲ့ လော့ဒေါင်းအစီအမံတွေက  အလုပ်အကိုင်ကဏ္ဍအပေါ် ထိုးနှက်ချက် အတော်ကြီးမားတယ်လို့ ဆိုပါတယ်။ ဧပြီလအတွင်း အလုပ်အကိုင်ခန့်ထားမှု ၆ သိန်းခန့် စံချိန်တင်  ထိုးကျခဲ့ပြီးနောက်   မေလမှာ နောက်ထပ်  ၂၂၇,၀၀၀ ကျော် ကျဆင်းခဲ့တယ်လို့ သြစတြေးလျစာရင်းအင်းဗျူရိုက ထုတ်ပြန်ပါတယ်။  အဲဒီနောက် သြစတြေးလျ အလုပ်လက်မဲ့နှုန်းဟာ ၂၀၀၁ အောက်တိုဘာ နောက်ပိုင်း  အမြင့်ဆုံး  ၇ ဒသမ ၁ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပါတယ်။  ဒီကိန်းဂဏန်းတွေဟာ မတ်လနှောင်းပိုင်းက စလို့ ကိုရိုနာကပ်ဘေး ကန့်သတ်ချက်တွေကြောင့် လုပ်ငန်းတွေ ပိတ်ပစ်ရတဲ့အပေါ်မှာ  စီးပွားရေးထိခိုက်မှုကို မီးမောင်းထိုးပြနေပါတယ်။  သြစတြေးလျနိုင်ငံဟာ နှစ်ပေါင်း ၃၀ နီးပါးအတွင်း  ပထမဆုံး စီးပွားရေး ကျဆင်းတာကို ရင်ဆိုင်နေရပြီး ဗဟိုဘဏ်က ဇွန်လကုန်မှာ  အလုပ်လက်မဲ့နှုန်း ၁၀ ရာခိုင်နှုန်း နဲ့  ၂၀၂၁ တနှစ်လုံး အလုပ်လက်မဲ့နှုန်း ဆက်မြင့်နေမယ်လို့ ကြိုတင်ခန့်မှန်းထားပါတယ်။ 
7 months Ago

June 5, 2020

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် အလုပ်လက်မဲ့နှုန်း  ၁၀ ရာခိုင်နှုန်းနီးပါးရှိလာ

လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်နဲ့ အနီးနားခရိုင်တွေမှာ အလုပ်လက်မဲ့နှုန်း ၉ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုး လာခဲ့တယ်လို့ သည်နေးရှင်းသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ကာဆီကွန်းသုတေသနစင်တာရဲ့ ဆန်းစစ်ချက်တွေအရ ဒီစစ်တမ်းကို မေလ ၂၁ ရက်မှ ၂၈ ရက်နေ့အထိ ကောက်ယူခဲ့တာလို့ ဆိုပါတယ်။ စစ်တမ်းမှာပါဝင်ခဲ့သူတွေရဲ့ ၆၁ ဒသမ ၄ ရာခိုင်နှုန်းက ကိုဗစ်-၁၉ ကြောင့် လော့ ခ်ဒေါင်း ကာလမှာ အလုပ်လက်မဲ့ဖြစ်ခဲ့ရသူတွေဖြစ်ကာ ကျန်တဲ့ ၃၈ ဒသမ ၆ ရာခိုင်နှုန်းကတော့ တခြားအကြောင်းတွေကြောင့် အလုပ်လက်မဲ့ဖြစ်ကြရတာလို့ ဖော်ပြပါတယ်။ အလုပ်ရှိသူ ၆ ဒသမ ၄ ရာခိုင်နှုန်းကတော့ သူတို့ရဲ့ ကုမ္ပဏီတွေဟာ ပိတ်လိုက်ဖို့ ဖြစ်နိုင်ချေရှိနေတယ်လို့ဖြေခဲ့ကြပြီး  ၁၇ ဒသမ ၄ ရာခိုင်နှုန်းကတော့ ခုကာလမှာ အ လုပ်လုပ်စရာမလိုပဲ ရပ်နားဖို့ ညွှန်ကြားခံထားရတယ်လို့ ဖြေကြပါတယ်။        သုတေသနစင်တာရဲ့ အဆိုအရ အိမ်ထောင်စုတွေ အများစုဟာ အလုပ်လက်မဲ့ဖြစ်မှု ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေကြရပြီး တလကို ဝင်ငွေ ဘတ် ၂၀၀၀၀ အောက်သာ ရရှိကြတယ်လို့ ဆိုပါတယ်။ သုတေသနပညာရှင်တွက စစ်တမ်းကောက်ယူခဲ့သူတွေရဲ့ ၉၅ ဒသမ ၅ ရာခိုင်နှုန်း ဟာ လူမှုအလှမ်းခွာစည်းမျဉ်းတွေကြောင့် ထိခိုက်မှုတွေရှိခဲ့ပြီး သူတို့တွေထဲမှာ ၅၂ ဒသမ ၂ ရာခိုင်နှုန်းကတော့ ဝင်ငွေနည်းပါးသူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ သုတေသနစာတမ်းမှာ ပါဝင်သူတွေရဲ့ ၂၅ ဒသမ ၄ ရာခိုင်နှုန်းကတော့ အစိုးရကို စီးပွားရေးပြန်လည် ထူထောင်နိုင်စေဖို့ ထိန်းညှိကြစေလိုတယ်လို့ သုတေသနစင်တာက ဆိုပါတယ်။
8 months Ago
Up