အလုပ်ရှင်

September 23, 2021

ထိုင်းအစိုးရက အလုပ်ရှင်၊အလုပ်သမားများ၏ လူမှုဖူလုံရေးထည့်ဝင်ကြေး ထက်ဝက်နီးပါး လျှော့ချ

ထိုင်းနိုင်ငံမှာ အစိုးရက စက်တင်ဘာလကနေ နိုဝင်ဘာလအထိ အလုပ်ရှင်နဲ့ အလုပ်သမားတွေရဲ့ လူမှုဖူလုံရေးထည့်ဝင်ကြေးတွေကို ၅ ရာခိုင်နှုန်းကနေ ၂ ဒသမ ၅ ရာခိုင်နှုန်းထိ ထက်ဝက်နီးပါး လျှော့ချပေးသွားဖို့ အတည်ပြုလိုက်ပါတယ်။

“ကိုဗစ်-၁၉ အကျပ်အတည်းအခြေအနေအတွင်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ ဝန်ထမ်းတွေရဲ့ ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုးကို သက်သာစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်” လို့ ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန ၀န်ကြီး ဆူချတ် ချွန်ကလင်က ပြောပါတယ်။

“လူမှုဖူလုံရေးအက်ဥပဒေပုဒ်မ ၃၉ အရ ၀န်ထမ်းတွေအနေနဲ့ လစဉ်ထည့်ဝင်ကြေး ၄၃၂ ဘတ်ကနေ ၂၃၅ ဘတ်ကို လျှော့ချဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။”

ဒီဉပဒေအရ လူမှုဖူလုံရေးထည့်ဝင်ကြေးတွေ ထည့်ဝင်ထားတဲ့ အလုပ်သမားတွေအနေနဲ့ လုပ်ငန်းရပ်ဆိုင်းသွားခဲ့ရင်လည်း အကျိုးခံစားခွင့် ဆက်လက်ရရှိနိုင်မယ်လို့ ဆိုပါတယ်။

လူမှုဖူလုံရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ထော့ဆာဖို ခရစ်ဝေါင်ဝီမန်ကတော့ ဒါက ထိုင်းစီးပွားရေးလုပ်ငန်းပေါင်း ၄၈၀,၀၀၀ နဲ့ အလုပ်သမားဦးရေ ၁၃ သန်းထိကို ကူညီပေး နိုင်လိမ့်မယ်လို့ ပြောပါတယ်။

တကယ်လို့များ လူမှုဖူလုံရေး၊ ဒါမှမဟုတ် အလုပ်သမားရေးရာရာကိစ္စတွေနဲ့ ပတ်သက်လို့ ပိုမိုသိရှိ လိုပါက အလုပ်သမား ၀န်ကြီးဌာနရဲ့ Hotline ဖုန်း ၁၅၀၆ ကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

2 months Ago

December 1, 2019

ကျားပိုက်အလုပ်ရှင်က ကိုယ်ထိလက်ရောက်ကျုးလွန်သဖြင့် ရေလုပ်သားတဦး သေဆုံး

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် ကမ်းစောက်ကျေးရွာမှာ ကျားပိုက်အလုပ်ရှင်က ကိုယ်ထိလက်ရောက် ကျုးလွန်တာကြောင့် အလုပ်သမားတယောက် သေဆုံးမှု ဖြစ်ခဲ့တယ်လို့ ပြည်ကြီးမဏ္ဍိုင်ရဲကင်းစခန်းက ပြောပါတယ်။ နိုဝင်ဘာ ၂၈ ရက်နေ့ညပိုင်းက အသက် ၂၇ နှစ်အရွယ် ကျားပိုက်လုပ်ငန်းရှင်က အသက် ၄၀ အရွယ်ရှိတဲ့ ရေလုပ်သားတဦးကို ကျားပိုက်မဆွဲဘဲ အိပ်နေတဲ့အတွက် ဆူပူကြိမ်းမောင်းကာ ဦးခေါင်းကို ခြေထောက်နဲ့  ကန်လိုက်တဲ့အတွက် လဲကျသွားခဲ့ပြီးနောက် ဦးခေါင်းကိုကိုင်ကာ ကြမ်းပြင်နဲ့ ထပ်မံဆောင့်ခဲ့တယ်လို့ ဆိုပါတယ်။  အဆိုပါဖြစ်စဉ် ဖြစ်ပြီးတဲ့နောက် ရေလုပ်သားမှာ သတိလစ်မေ့မြောသွားတာကြောင့် အနီးနားမှာရှိသူတွေက ဝိုင်းဝန်းပြုစုနေတဲ့အချိန် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။  အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး သေဆုံးသွားသူရဲ့ ဇနီးဖြစ်သူက တရားလိုပြုလုပ်ကာ ပြည်ကြီးမဏ္ဍိုင်မြို့ နယ်မြေရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်လှစ်ခဲ့ပြီး ကော့‌သောင်းခရိုင်တရားရုံးကို တရားစွဲတင်ပို့နိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ ပြည်ကြီးမဏ္ဍိုင်နယ်မြေ ရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ လတ်ကိုကိုဦး
2 years Ago
More News
Up