အလုပ်ရုံ

A d v e r t i s e m e n t With Us

June 27, 2020

ကိုဗစ်-၁၉ ကာလ စက်ရုံ အလုပ်ရုံ အလုပ်ဌာနပေါင်း ၅၆၀၀ ကျော်ပိတ်ခဲ့ရ

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း ပြည်တွင်းရှိ စက်ရုံ အလုပ်ရုံ ဆိုင် အလုပ်ဌာနပေါင်း လက်ရှိအချိန်ထိ ၅၆၅၈ ခု ပိတ်သိမ်းခဲ့ရတယ်လို့ အလုပ်သမားဝန်ကြီးဌာနကက ပြောပါတယ်။ ဇွန် ၂၆ ရက်နေ့က ပြုလုပ်တဲ့ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ စတုတ္ထ တစ်နှစ်တာ ဆောင်ရွက်ချက်တွေ ရှင်းလင်းပွဲမှာ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က မီဒီယာတွေရဲ့ မေးမြန်းမှုအပေါ် ပြောဆိုခဲ့တာပါ။ “ကိုဗစ်ကာလမှာ ပြည်ပကပြန်ဝန်လာတဲ့ အလုပ်သမား ၁ သိန်းကျော်ရှိပါတယ်။ ပြည်တွင်းမှာဆိုရင်လည်း ပိတ်သွားရတဲ့ စက်ရုံအလုပ်ရုံအကြီးစား ၂၇၀ လောက်ရှိပါပြီ။ လူမှုဖူလုံရေးအရ အလုပ်သမား ၅ ဦးနဲ့အထက်ရှိတဲ့ လုပ်ငန်းတွေပါ အကျုံးဝင်တာမို့ အလုပ်ဌာနအသေးတွေ၊ စားသောက်ဆိုင်အသေးတွေနဲ့ပါဆိုရင် ပိတ်ခဲ့ရတဲ့ စက်ရုံအလုပ်ရုံပေါင်း ၅၆၅၈ ခုရှိပါတယ်။ စုစုပေါင်းအလုပ်လက်မဲ့ ၂ သိန်းခွဲလောက်ထွက်လာတယ်။” ဒီလိုပိတ်သိမ်းမှုတွေကြောင့်ဖြစ်လာတဲ့ အလုပ်လက်မဲ့ကလည်း ၂ သိန်းခွဲလောက်ရှိပြီး မြို့နယ်တွေမှာရှိတဲ့ လေဘာရုံးလို့ခေါ်တဲ့ အလုပ်အကိုင်ရှာဖွေရေးရုံးတွေကနေ အလုပ်အကိုင်တွေ ချိတ်ဆက်ပေးနေတယ်လို့ ဒုဝန်ကြီးက ဆိုပါတယ်။ ဒါ့အပြင် ပြည်ပက ပြန်ဝင်လာတဲ့လုပ်သားတွေကိုကို လက်ရှိ သူတို့ရဲ့ကျွမ်းကျင်မှုတွေကို စစ်တမ်းတွေ ကောက်ခံထားပြီး အလုပ်အကိုင်ရှာဖွေပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။
8 months Ago

April 20, 2020

စက်ရုံ၊ အလုပ်ရုံများကို သတ်မှတ်ချက်နှင့်ကိုက်ညီမှ လုပ်ကိုင်ခွင့်ပြုမည်

COVID-19 ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ဖို့ တနိုင်ငံလုံးက စက်ရုံအလုပ်ရုံ၊ အလုပ်ဌာနတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြံပြုချက်၊ သတ်မှတ်ချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ပြီးမှသာ ပြန်ဖွင့်ခွင့်ပြုမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ဧပြီ ၁၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။  စစ်ဆေးမှုတွေကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ရဲ့ ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းအဖွဲ့တွေနဲ့ ဧပြီ ၂၀ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတွေကို စစ်ဆေးမှာဖြစ်ပြီး သတ်မှတ်ချက်နဲ့ကိုက်ညီမှသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။  စစ်ဆေးနေဆဲကာလဖြစ်တဲ့ ဧပြီ ၂၀ နဲ့ ၃၀ ရက်နေ့အတွင်းမှာတော့ အလုပ်သမားတွေ အလုပ်နားခွင့်ရမှာဖြစ်ပြီး  လုပ်ခလစာနဲ့ ခံစားခွင့်အပိုင်းတွေကိုလည်း ဆွေးနွေးနေဆဲလို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမောင်မောင်သန်းက ပြောပါတယ်။
11 months Ago
Up