အလုပ်ဖြုတ်

A d v e r t i s e m e n t With Us

September 17, 2020

ဟစ်တလာနှင့်လူသတ်ခန်းပုံများ ဖုန်းထဲသိမ်းဆည်းသူ ရဲ ၂၉ ဦးကို အလုပ်ဖြုတ်

ဂျာမနီနိုင်ငံ အက်စဲန်းမြို့မှာ အာဏာရှင်ဟောင်း ဟစ်တလာရဲ့ ဓာတ်ပုံကို မျှဝေပြီး ဓာတ်ငွေ့လွှတ် လူသတ်ခန်းထဲမှာ ဒုက္ခသည်တွေကို ရုပ်ပုံတွေနဲ့သရုပ်ဖော်ထားတဲ့ပုံအား လက်ကိုင်ဖုန်းတွေထဲမှာ သိမ်းဆည်းထားမှုနဲ့ ရဲ ၂၉ ယောက်ကို တာဝန်က ရပ်ဆိုင်းခဲ့တယ်လို့ နော့သ်ရိုင်းဝက်စ်ဖာလီယာ ပြည်နယ်အရာရှိတွေက စက်တင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။  သူတို့ဟာ လက်ယာစွန်းအွန်လိုင်း စကားဝိုင်း ချတ်ရွန်းတွေကို သုံးပြီး ဂျာမန်အခြေခံ ဥပဒေက တားမြစ်ပိတ်ပင်ထားတာကို ချိုးဖောက်ပြီး နာဇီအမှတ်သင်္ကေတတွေကို မျှဝေခဲ့ တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။ အကြမ်းဖက်အမျိုးသားရေးဝါဒီတွေကို လုံလောက်အောင် အပြစ်မပေးဘူးဆိုတဲ့ စွဲချက်တွေကို ရင်ဆိုင်နေရတဲ့ ဂျာမနီရဲနဲ့လုံခြုံရေးတပ်တွေအတွက် ဒီဖြစ်ရပ်က ရှက်စရာပါ။  ဒုတိယကမ္ဘာစစ်အတွင်း ဟစ်တလာ လက်အောက်မှာ နာဇီတွေက ဂျူးလူမျိုးတွေ သန်းချီ ပြီး လူမျိုးတုံး သတ်ဖြတ်ခဲ့မှုကြောင့် ဒီသင်္ကေတတွေကို နားလည်သဘောပေါက်မှု ကောင်းကောင်း ရှိတဲ့ ဂျာမနီမှာ ထိရှလွယ်တဲ့ ကိစ္စလည်း ဖြစ်ပါတယ်။  ဂျာမနီနိုင်ငံမှာ သက္ကရာဇ် ၂၀၀၀ ကနေ ၂၀၀၇ ခုနှစ်အတွင်း National Socialist Underground လို့ခေါ်တဲ့ နာဇီလက်သစ်ဝါဒီဂိုဏ်းက ရွှေ့ပြောင်းနေထိုင်သူအများစုပါတဲ့ လူဆယ်ယောက်ကို သတ်ခဲ့ပါတယ်။  စွပ်စွဲခံရဲတွေ သုံးပြီး လွှတ်တော်အမတ်တွေဆီ ပို့ပေးတဲ့ အီးမေးလ်တွေထဲမှာ တူရကီ နောက်ခံအတွင်း "NSU 2.0" လို့ လက်မှတ်ထိုးထားပြီး နီယိုနာဇီဂိုဏ်းရဲ့ အမျိုးသား ဆိုရှယ်လစ် မြေအောက်လှုပ်ရှားမှုကို ရည်ညွှန်းထားပါတယ်။ 
6 months Ago

June 22, 2020

ဘင်္ဂလားဒေ့ရှ်တွင် အလုပ်ဖြုတ်ခံရသည့် အထည်ချုပ်လုပ်သား ရာချီ ဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့မြို့တော် ဒါကာမှာ အလုပ်ဖြုတ်ခံရတဲ့ အထည်ချုပ် လုပ်သား ရာနဲ့ချီ ဇွန်လ ၂၁ ရက်က စုရုံးဆန္ဒပြခဲ့ပါတယ်။  နိုင်ငံတကာကုန်အမှတ်တံဆိပ်တွေကို ဝယ်လိုအား နည်းပါးလာနေပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဟန့်တားရေးအတွက် စက်ရုံတွေကို ပိတ်ထားပါတယ်။  ဘင်္ဂလားဒေ့ရှ်ရဲ့ အကြီးဆုံးအထည်ချုပ်လုပ်ငန်းစု ဝင်ဒီအုပ်စုရဲ့ ဝန်ထမ်းဟောင်းတွေဟာ အလုပ်သမားဝန်ကြီးဌာနရှေ့မှာ နဖူးစည်းစာတမ်းတွေ၊ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာပါ။  ဝင်ဒီလုပ်ငန်းစုဟာ သူတို့ စက်ရုံတွေကို လေးငါးလ ပိတ်ထားအပြီး လစာမပေးဘဲ ဝန်ထမ်း ၃ ထောင်ကျော်ကို အလုပ်ဖြုတ်ခဲ့တယ်လို့ အမျိုးသားအထည်ချုပ်လုပ်သားများ အသင်းချုပ် ဥက္ကဋ္ဌက ပြောပါတယ်။  ဝင်ဒီလုပ်ငန်းစုဟာ နာမည်ကျော် နိုင်ငံတကာအထည် အမှတ်တံဆိပ် Zara, H&M နဲ့ ပရီမာ့ခ် တို့လို အထည်တွေကို ထုတ်နေတာပါ၊ ဝင်ဒီအုပ်စုကတော့ စွဲချက်အတွက် မှတ်ချက်တစုံတရာ မထုတ်ပြန်ပါဘူး။  ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထည်ချုပ်စက်ရုံ လေးထောင်လောက်ရှိပြီး လူလေးသန်းလောက်ကို အလုပ်အကိုင် ပေးထားပါတယ်။  ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးကြောင့် တကမ္ဘာလုံးက စတိုးဆိုင်တွေ ပိတ်ကြချိန်မှာ အမေရိကန်ဒေါ်လာ ၃ ဘီလျံတန် အမှာစာတွေကို ဖျက်သိမ်းရွှေ့ဆိုင်းခဲ့တာကြောင့် ဧပြီလဝက်မှာ အထည်ပြည်ပတင်ပို့မှု ၈၄ ရာခိုင်နှုန်း ကျဆင်းခဲ့သလို အမှာစာအသစ် ပမာဏလည်း ကျဆင်း ခဲ့ပါတယ်။  ဒီနှစ်မတ်လကစတဲ့ အမှာစာ ဖျက်သိမ်းမှုတွေကြောင့် အထည်ချုပ်လုပ်သား အယောက် ၁ သောင်း ၇ ထောင်ထက် မနည်း အလုပ်ပြုတ်နိုင်တယ်လို့ အစိုးရက ဆိုပါတယ်။
9 months Ago
Up