အလုပ်နှင့်ထောင်ဒဏ်

A d v e r t i s e m e n t With Us

May 7, 2020

ကပ်ဘေးကာလ နေအိမ်တွင်လူစုပြီး ဝတ်ပြုဆုတောင်းသူ ၁၂ ဦးအား ထောင်ဒဏ် ၃ လ စီချမှတ်

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်က နေအိမ်တစ်ခုမှာ လူစုပြီး ဘာသာရေးဝတ်ပြုဆုတောင်းခဲ့တဲ့  အမျိုးသား ၁၂ ဦးကို  မေလ ၇ ရက်က  အလုပ်နှင့်ထောင်ဒဏ် ၃ လစီ ချမှတ်ခဲ့တယ်လို့ ချမ်းမြသာစည်မြို့နယ်တရားရုံးကနေ သိရပါတယ်။ COVID-19 ရောဂါကူးစက်မှုကိုကြိုတင် ကာကွယ်တဲ့အနေနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့က လူစုလူဝေးအခမ်းအနားတွေ မကျင်းပဖို့ အမိန့်ထုတ်ပြန်ထားတာကို မလိုက်နာဘဲ ဧပြီလ ၁၀ ရက်နေ့က အဆိုပါရပ်ကွက်က နေအိမ်တစ်ခုမှာ အမျိုးသား ၁၄ ဦးဟာ လူစုလူဝေးနဲ့ ဘာသာရေး ဝတ်ပြုဆုတောင်းခဲ့လို့  တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။ အိမ်ရှင်အပါအဝင် အမျိုးသား ၁၄ ဦးကို အောင်ပင်လယ်နယ်မြေရဲစခန်းမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၆ အရ ကနဦး အမှုဖွင့်ခဲ့ပြီးနောက် ချမ်းမြသည်စည်မြို့နယ်တရားရုံးကနေ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က) အရ တရားစွဲတင်ကာ ရာဇဝတ်ကြီးအမှုအမှတ် ၄၆၇ အရ လက်ခံစစ်ဆေးခဲ့ပါတယ်။ အသက် ၁၈ နှစ်မပြည့်သေးသူ နှစ်ဦးပါဝင်တဲ့အတွက် သူတို့ကို ကလေးသူငယ်တရားရုံးမှာ တရားစွဲဆိုထားပြီး ကျန်အမျိုးသား ၁၂ ဦးကိုတော့ ချမ်းမြသည်စည်မြို့နယ်တရားရုံးကနေ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က) အရ အလုပ်နှင့်ထောင်ဒဏ် သုံးလစီ ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ သတင်း- ထိန်ထိန်လင်း
10 months Ago

December 28, 2019

အောင်သပြေကျေးရွာ ရာအိမ်မှူးဟောင်းကို အလုပ်နှင့်ထောင်ဒဏ် ၁ နှစ်ချ (ဓာတ်ပုံ)

နိုင်ငံတော် အကြည်အညို ပျက်စေမှုပုဒ်မနဲ့ အောင်သပြေကျေးရွာ ရာအိမ်မှူးဟောင်းအား ပုသိမ်ကြီးမြို့နယ် တရားရုံးက ဒီဇင်ဘာ ၂၇ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ပါတယ်။ အောင်သပြေကျေးရွာ ရာအိမ်မှူးဟောင်း ကိုမိုးလင်းဟာ ၂၀၁၉ ခုနှစ် မတ်လ အောင်သပြေကျေးရွာမှာ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းရေးအတွက် တောင်းဆိုဆန္ဒပြပွဲအတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ (၅၀၅/ခ) နဲ့ တရားစွဲခံခဲ့ရတာပါ။ Photo - Kaung Zaw Hein / MPA
1 year Ago
Up