အလုပ်ထုတ်

March 21, 2021

CDM ထွေ/အုပ်ဝန်ထမ်း ၁၅ ဦးကို အကြမ်းအာဏာသိမ်းစစ်ကောင်စီက အလုပ်ထုတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်ထွေအုပ်ရုံးက အကြီးတန်းစာ‌ရေး ၃ ဦးအပါအဝင် ရုံးစောင့်အထိ ၁၅ ဦးကို အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီက အလုပ်ထုတ်လိုက်တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီအောက်မှာ တာဝန်ထမ်းဆောင်လိုခြင်မရှိလို့ စစ်အာဏာဆန့်ကျင်ရေး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ခဲ့တဲ့အတွက် မတ်လ ၁၇ ရက်စွဲနဲ့ အလုပ်က စာထုတ်တာပါ။

ထုတ်ပြန်စာထဲမှာတော့ ဝန်ထမ်း ၁၅ ဦးဟာ နိုင်ငံ့ဝန်ထမ်းဥပဒေ (၃၈)၊ နိုင်ငံဝန်ထမ်းနည်းဥပဒေများအပိုဒ် (၁၆၃)၊ အပိုင်ခွဲ (ဖ) တို့ပါ ပြဌာန်းချက်တွေကို မလိုက်နာဘဲ ခွင့်မဲ့ပျက်ကွက် ကျူးလွန်ခဲ့တာကြောင့် အလုပ်က ထုတ်ပယ်လိုက်တာလို့ ဖော်ပြထားပါတယ်။

3 weeks Ago

November 18, 2020

ဆိုက်ဘာလုံခြုံရေး ထိပ်တန်းအရာရှိ ၁ ဦးကို သမ္မတဒေါ်နယ်ထရမ့် အလုပ်ထုတ်

အမေရိကန် ရွေးကောက်ပွဲလုံခြုံရေးအပေါ် ကာကွယ်ပြောဆိုခဲ့တဲ့ ဆိုက်ဘာလုံခြုံရေး ထိပ်တန်းအရာရှိတစ်ယောက်ကို  သမ္မတဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၁၇ ရက်မှာ အလုပ်က ထုတ်ပယ်လိုက်ပါတယ်။ သမ္မတထရမ့်က ဆိုက်ဘာလုံခြုံရေးအရာရှိ ခရစ်ကိတ်ဘ်ဟာ ရွေးကောက်ပွဲလုံခြုံရေးနဲ့ပတ်သက်ပြီး အတော်လေး တိတိကျကျမရှိဘဲ ပြောဆိုတယ်လို့ တွစ်တာကနေ အထောက်အထားမရှိ စွပ်စွဲခဲ့ပါတယ်။  ထရမ့်က ရွေးကောက်ပွဲမှာ မဲလိမ်တာတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိတယ်ဆိုပြီး ပြောဆိုထားပြီး ရွေးကောက်ပွဲမှာ သူ ရှုံးနိမ့်ကြောင်း ဝန်ခံဖို့လည်း ငြင်းဆန်ထားပါတယ်။ ရွေးကောက်ပွဲမှာ ဆိုးဆိုးရွားရွား မမှန်ကန်တဲ့ အထောက်အထား မတွေ့ပါဘူးလို့ ပါတီနှစ်ခုစလုံးရဲ့ ရွေးကောက်ပွဲတာဝန်ရှိသူတွေက ပြောထားပေမယ့်လည်း ထရမ့်ရဲ့ မဲဆွယ်အဖွဲ့က အကြိတ်အနယ်ရှိခဲ့တဲ့ ပြည်နယ်တွေမှာ တရားစွဲဆိုသွားဖို့ အမြန်စီစဉ်ထားပါတယ်။ “ရွေးကောက်ပွဲမှာ မလျော်ကန်တာတွေနဲ့ မဲလိမ်တာတွေ အများအပြားရှိနေချိန်မှာ ဆိုက်ဘာ လုံခြုံရေးအရာရှိ  ကိတ်ဘ်က ရွေးကောက်ပွဲမှာ လုံခြုံစိတ်ချရတယ်ဆိုပြီး လူတွေကို ပြောဆိုခဲ့တယ်” လို့ ထရမ့်က တွစ်တာမှာ ရေးခဲ့ပါတယ်။   “ရွေးကောက်ပွဲ မသမာဘူးဆိုတဲ့ ပြောဆိုချက်ဟာ အငြင်းပွားရာ ဖြစ်တယ်” ဆိုတဲ့ သတိပေးစာတန်းကို ထရမ့်ရဲ့ ရေးသားချက်ဘေးမှာ တွစ်တာက တင်ခဲ့ပါတယ်။
5 months Ago
More News
Up