အလုပ်​ထုတ်ခံခဲ့ရသည့် ​ရွှေမန်း​တောင်​​ဂေါက်​ကွင်း ​အလုပ်​သမား ၃၀​ ကျော်​ဆန္ဒပြ

May 28, 2018

အလုပ်​ထုတ်ခံခဲ့ရသည့် ​ရွှေမန်း​တောင်​​ဂေါက်​ကွင်း ​အလုပ်​သမား ၃၀​ ကျော်​ဆန္ဒပြ

  အလုပ်ကနေ အထုတ်ခံရတဲ့  ဂေါက်​ကယ်​ရီအလုပ်​သမား ၃၀​ ကျော်က ဒီနေ့ မနက်က ရွှေမန်း​တောင်​​ဂေါက်​ကွင်း​ရှေ့မှာ  ​မန္တလေးခရိုင်တရားရုံးကို ဆန္ဒပြခဲ့ကြပါတယ်​။ မန္တ​လေးတိုင်း​ ​အောင်​​မြေသာစံမြို​နယ်​ ​ရွှေမန်း​တောင်​​ဂေါက်​ကလပ်​ ရွှေမန်း​တောင်​ ကုမ္ပဏီလီမိတက်​က မန်​​နေဂျင်းဒါရိုက်​တာနဲ့ ဂေါက်​ကွင်းကယ်​ရီ အလုပ်​သမားတွေ ၂၀၁၆ ခုနှစ်က ဖြစ်​ပွားခဲ့​တဲ့အငြင်းပွားမှုကို မန္တ​လေးခရိုင်​တရားရုံးက စီရင်ချက်ချရာမှာ အခ​ကြေး​ငွေ​ပေး​ချေမှု မရှိဘဲ အဓမ္မလုပ်​အားခိုင်း​စေခဲ့​တဲ့ နစ်​နာမှုတွေကို ထည့်သွင်း စဉ်းစားခြင်း မပြုဘဲ ချမှတ်ခဲ့လို့ အလုပ်သမားတွေက ဆန္ဒပြခဲ့ကြတာပါ။ ကို​အောင်​မြင့်သိန်း (ဘဏ္ဍာ​ရေးမှူး) က​ “အလုပ်ဖြုတ်​ခံခဲ့ကြရတဲ့ အလုပ်​သမား ၆၉ ​ယောက်​ကို နစ်​နာ​ကြေးအဖြစ်​ ကျပ် ၁၅ သိန်း ခရိုင်​တရားရုံးက အမိန့်​ ချမှတ်​လိုက်​တဲ့အ​ပေါ် အလုပ်​သမား​တွေက မ​ကျေမနပ်​ဖြစ်​ခဲ့ကြပြီး ပြီးခဲ့တဲ့ ​မေလ ၂၈ ရက်​​နေ့က လူထုစင်​တင်​မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်​ဖို့်​ စီစဉ်​ခဲ့​ပေမယ့် ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးက လာ​ရောက်​တားမြစ်​ခဲ့ လို့ သတင်းစာရှင်းလင်းပွဲလည်း ပျက်​ခဲ့ရတယ်​”လို့ ပြောပါတယ်​။ အလုပ်​သမားသမဂ္ဂများ ပူး​ပေါင်း​ဆောင်​ရွက်​​ရေး​ကော်​မတီ (အထက်​မြန်​မာပြည်​ တာဝန်​ခံ) ကို​စောလှ​အောင်​က “ရွှေမန်းတောင်ဂေါက်ကွင်း အဓမ္မအလုပ်ထုတ်ခံခဲ့ကြရတဲ့ ကယ်ရီအလုပ်သမားတွေဟာ ဒီပြဿနာ ဒီအမှုမှာ တောက်လျှောက်အနိုင်ရရှိနေသူတွေ ဖြစ်ပါလျှက် ဒီကနေ့အထိ ဒီရလဒ်ကို မခံစားရသေးဘူး။ အဲဒီတော့ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှုဆိုတာ ပြိုကျလျှက်က ပြိုကျလျှက်ပဲ စိတ်ပျက်စရာ အလွန်ကောင်းတယ်”​လို့ ဆိုပါတယ်​။ ၂၀၁၆ ခုနှစ် ​​အောက်​တိုဘာ ၉ ရက်​​နေ့ကစတင်​ပြီး အလုပ်​သမားအခွင့်အ​ရေး အပြည့်အဝ ရရှိဖို့ ​ဂေါက်​ကွင်းကယ်​ရီအလုပ်​သမားတွေက ဆန္ဒပြ​တောင်းဆိုခဲ့ကြပါတယ်​။ ​​တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ အလုပ်​သမား​ ၆၉ ဦးကို ​ရွှေမန်း​တောင်​​ဂေါက်​ကွင်းကုမ္ပဏီက အလုပ်​ထုတ်​ပစ်​ခဲ့တာပါ။ ၂၀၁၆ ​အောက်​တိုဘာလ ၉ ရက်​​နေ့မှာ ကျင်းပမယ့် မန်းစီးတီး​ဂေါက်​သီးရိုက်​ပြိုင်​ပွဲကို ဖျက်​ဆီးခဲ့လို့ ဆန္ဒပြခဲ့ကြတဲ့ အလုပ်​သမား​တွေကို အလုပ်​ထုတ်​ပစ်​လိုက်​ရတာလို့ အ​ထွေ​ထွေ ကုမ္ပဏီ မန်​​နေဂျာ ဦးမျိုးသန့်​က​ပြောပါတယ်​။
3 years Ago
Up