အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

October 14, 2017

တရားဥပဒေစိုးမိုးရေး ပိုမိုကောင်းမွန်လာစေရန် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

တရားဥပဒေစိုးမိုးရေး ပိုမိုကောင်းမွန်လာစေဖို့ ရည်ရွယ်ပြီး အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်ကူပြုသူများအဖွဲ့က ဦးဆောင်ပြီး ရန်ကုန်မြို့ Orchid Hotel မှာ ဒီကနေ့ ပြုလုပ်ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲမှာ တရားဥပဒေစိုးမိုးရေးပိုမိုကောင်းမွန်လာစေဖို့နဲ့ အမျိုးသမီးများအား အကြမ်းဖက်ခြင်းကိစ္စနဲ့ အကြမ်းဖက်ခံရသူတွေအတွက် တရားမျှတမှုရှိစေဖို့ ဥပဒေပညာပိုင်းဆိုင်ရာ အကူအညီကောင်းမွန်စွာ ရရှိစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆွေးနွေးရတာ ဖြစ်တယ်လို့ ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်ကူပြုသူများအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဦးကြီးမြင့်က ပြောပါတယ်။ ဒီကနေ့ အလုပ်ရုံဆွေးနွေးက ရရှိလာတဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ လွှတ်တော်ရဲ့ ဥပဒေကြမ်းကော်မတီကို ပေးပို့သွားမယ်လို့လည်း ဦးကြီးမြင့်က ပြောပါတယ်။
4 years Ago

September 25, 2017

ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မဲခေါင်နဲ့ ဧရာဝတီ၊ ချင်းတွင်းမြစ်ဝှမ်းတွေမှာ ရာသီဥတုပြောင်းလဲခြင်းနှင့် ရေမလုံလောက်မှု သတင်းအချက်အလက်များ ဖလှယ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၅ ရက်နေ့ကနေ စက်တင်ဘာ ၂၇ ရက်နေ့အထိ ရန်ကုန်မြို့ Melia Hotel မှာ ကျင်းပနေပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲကို ဆွီဒင်နိုင်ငံ စတော့ဟုန်း သဘာဝပတ်ဝန်းကျင်အင်စတီကျု SEI မြန်မာသဘာဝပတ်ဝန်းကျင်အင်စတီကျု MEI တို့က ကျင်းပတာဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက် အမှာစကား ပြောကြားခဲ့ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယမြောက်နေ့မှာတော့ နိုင်ငံတကာနဲ့ ပြည်တွင်းက သဘာဝ ပတ်ဝန်းကျင်ပညာရှင်တွေ ပြည်တွင်းမီဒီယာသမားတွေဟာ ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့နယ်ထဲက လက်ခုပ်ကုန်းကမ်းခြေကို သွားရောက်ပြီး ဒီရေတော ပေါက်ရောက်မှု အခြေအနေ ကမ်းခြေရေတိုက်စားပြီး သောက်သုံးရေရှားပါမှု အခြေအနေနဲ့ ဆားငန်ရေ ဝင်ရောက်တာကို ကွင်းဆင်းလေ့လာကြမှာ ဖြစ်ပါတယ်။
4 years Ago
Up