အလုပ်သမား ဓာတ်လိုက်သေးဆုံး

June 22, 2015

မဲဆောက်တွင် မြန်မာအလုပ်သမားတဦး ဓာတ်လိုက်သေဆုံး

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ဇွန်လ ၂၂ ရက်နေ့က မြန်မာအလုပ်သမားတဦး ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။ သေဆုံးသူမှာ အသက် ၄၈ နှစ်ရှိ ဦးယာ ဆိုသူဖြစ်ပြီး မဲဆောက်မြို့ ထာ့ဆိုင်လွတ်ရပ်ကွက် နယ်မြေ ၁ က မယ်တော်သုသာန်မှာ သုဘရာဇာ လုပ်ကိုင်နေတာလို့ မဲဆောက်မြို့မရဲစခန်း တာဝန်ကျ ရဲအရာရှိ ဖုန်းဆကွန်း ထန၀မ်းက သတင်းထောက်တွေကို ပြောပါတယ်။ နယ်မြေထဲမှာ ဓာတ်လိုက်မှုဖြစ်ပွားကြောင်း သတင်းပေးပို့ချက်အရ အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတွေ၊ ကယ်ဆယ်ရေးအဖွဲ့၊ လူနာတင်ယာဉ်တွေနဲ့အတူ သွားရောက်စစ်ဆေးရာမှာ အဲတော်သုသာန်ဇရပ်အနီး ဓာတ်တိုင်ပေါ်က ပြုတ်ကျပြီး ညာဘက်လက်မောင်းတလျှောက် မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးနေသူ ဦးယာကို တွေ့ခဲ့တယ်လို့ ရဲအရာရှိက ဆက်ပြောပါတယ်။ သေဆုံးသူရဲ့ ဇနီးဖြစ်သူ မစိုး၊ အသက် (၄၅) နှစ်ရဲ့ ပြောပြချက်အရ ဦးယာဟာ သင်္ချိုင်းဇရပ်နားမှာရှိတဲ့ ဓာတ်တိုင်ပေါ်ကို သံလှေခါးနဲ့တက်ပြီး ပြတ်နေတဲ့ မီးကြိုးကို ပြန်ဆက်ဖို့ ကြိုးစားရာမှာ ဓာတ်လိုက်ခံရပြီး အပေါ်ကနေ ပြုတ်ကျလာခဲ့တာလို့ ဆိုပါတယ်။ ဦးယာမှာ လုပ်ငန်းခွင်လုံခြုံရေးအတွက် ဘာအကာအကွယ်မှ ၀တ်ဆင်ထားထာမရှိကြောင်း၊ သူ့ရဲ့အလောင်းကို အသေးစိတ် ပြန်လည်စစ်ဆေးဖို့ မဲဆောက်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ ရဲအရာရှိက သတင်းထောက်တွေကို ပြောသွားပါတယ်။
6 years Ago
Up