အလုပ်သမားခေါင်းဆောင်ကို

February 1, 2017

အလုပ်သမားခေါင်းဆောင်ကို အလုပ်ထုတ်သဖြင့် အလုပ်သမား ၅၀၀ ကျော် ဆန္ဒပြ

အလုပ်သမားခေါင်းဆောင်းတဦးကို အလုပ်ထုတ်လိုက်တာကြောင့် လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ ဟန်ကျိုးပိုင်ရီ အထည်ချုပ်စက်ရုံအတွင်းက အလုပ်သမား ၅၀၀ ကျော် ဆန္ဒပြခဲ့ကြပါတယ်။ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားခေါင်းဆောင် ကိုသက်ပိုင်ဦးကို အလုပ်ပြန်လည်ခန့်ထားပေးဖို့၊ အလုပ်သမားတွေကို ကျွမ်းကျင်အဆင့် A, B, C သတ်မှတ်တဲ့အခါ အလုပ်သမားကိုယ်စားလှယ်၊ အလုပ်ရှင်ကိုယ်စားလှယ်၊ ကျွမ်းကျင်တဲ့သင်တန်းဆရာတွေ ပါဝင်ဆွေးနွေးပြီး သတ်မှတ်ပေးဖို့၊ တရုတ်လုပ်ငန်းရှင်တွေကနေ အလုပ်သမားတွေကို တိုက်ရိုက်အုပ်ချုပ်တာတွေ မလုပ်ဖို့အတွက် တောင်းဆို ဆန္ဒပြကြတာပါ။ ဆန္ဒပြတောင်းဆိုတာတွေကို ဇန်နဝါရီလ ၂၅ ရက်နေ့ကစတင်ပြီး လုပ်ငန်းခွင်အတွင်းမှာ ခေါင်းစည်းအနီတွေ ဝတ်ဆင်တောင်းဆိုခဲ့တယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။ အဲဒီလိုတောင်းဆိုရာမှာ အလုပ်ရှင်ဘက်က ပြန်လည်မဖြေရှင်းပေးတာကြောင့် ဇန်နဝါရီလ ၂၉ ရက်နေ့က စတင်ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့အထိ စက်ရုံပြင်ပမှာ အလုပ်မလုပ်ကြဘဲ တောင်းဆိုမှုတွေ လုပ်ဆောင်နေတာပါ။
4 years Ago
Up