အလုပ်သမားများ ဆန္ဒပြ

January 18, 2019

Adidas ဖိနပ်​စက်ရုံပိတ်သိမ်းမှု အလုပ်သမားများ ဆန္ဒပြ

ရန်ကုန် လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန်ရှိ Adidas ဖိနပ်​စက်ရုံဖြစ်​တဲ့ ရှန်​​ဂျော်​ယွဲ့စက်ရုံ ပိတ်​သိမ်းလိုက်​တာ​ကြောင့် ဇန်​နဝါရီ ၁၈ ရက်​​နေ့ မနက်​ပိုင်းမှာ အလုပ်သမားအဖွဲ့အစည်း ၄၀​ ကျော်​က လုပ်​သမား ၇၀၀​ ကျော် စီတန်းလှည့်လည်​ ဆန္ဒထုတ်​​ပြပါတယ်​။ စက်ရုံပိတ်သိမ်းတာကြောင့် ထိခိုက်နစ်နာရတဲ့ အလုပ်သမားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းကို တာဝန်ယူပေးဖို့နဲ့ ဥပဒေမဲ့ အလုပ်ပိတ်သိမ်းတာကို အရေးယူပေးဖို့ ရန်ကုန် -ညောင်တုန်းမကြီးပေါ်ကနေ စက်ရုံရှေ့အထိ အလုပ်သမားတွေက စီတန်းလှည့်လည် ဆန္ဒပြ ခဲ့ကြတာပါ။ အ​ကြောင်းပြချက်​မခိုင်​လုံဘဲ စက်ရုံပိတ်​သိမ်းတဲ့အတွက်​ အလုပ်​သမား ၁၀၀​ ကျော်​ အလုပ်​လက်​မဲ့ ဖြစ်​သွားတယ်​လို့လည်း ဆန္ဒပြအလုပ်​သမား​တွေက​ ပြောပါတယ်​။ စက်ရုံထဲမှာ အလုပ်​သမား ၇၀၀​​ ကျော်​ရှိပြီး ၆၀၀​ ကျော်​က​တော့ စက်ရုံဘက်​က​​ပေးတဲ့​ လျော်​​ကြေးရယူပြီး ဖြစ်​ပါတယ်​။ ကျန်​တဲ့အလုပ်​သမား ၁၀၀​ ကျော်​က​တော့ ​လျော်​​ကြေးမယူဘဲ လုပ်​ငန်းခွင်​ထဲ ပြန်​ဝင်​ခွင့်​ပေးဖို့​ တောင်းဆို​နေတာပါ။ စက်ရုံဘက်​က​တော့ ပြည်​ပက အပ်​ထည်​​တွေမရှိတဲ့အတွက်​ စက်ရုံကို အပြီးပိတ်​သိမ်း တယ်​လို့​ပြောမယ့် ဆန္ဒပြအလုပ်​သမား​တွေက​တော့ ကမ္ဘာ​ကျော်​ Brand စက်ရုံဖြစ်​တဲ့အတွက်​ အပ်​ထည်​မရှိတာကြောင့် ပိတ်​တာကို လက်​မခံဘူးလို့ အလုပ်​သမား​ခေါင်း​ဆောင်​ ဒေါ်တင်​စုခိုင်​က ဒီဗွီဘီကို​​ပြောပါတယ်​။ စက်ရုံဘက်​ကိုမေးမြန်းဖို့ ကြိုးစား​ပေမယ့် စက်ရုံပိတ်​ထားအတွက်​ စက်ရုံတာဝန်​ရှိ​တွေနဲ့​ တွေ့ခွင့်မရခဲ့ပါဘူး။ စက်ရုံဘက်​က​တောာ့ အလုပ်​သမား​တွေကို​ လျော်​​ကြေး​ပေးထားပါတယ်​။ အလုပ်သမား ၇၀၀​ ကျော်​ရှိတဲ့အထဲမှာ ၁၀၀ေ​ကျာ်​က​ လျော်​​ကြေးမယူဘဲ အလုပ်​ပြန်​ခန့်​ဖို့​ တောင်းဆိုဆန္ဒပြ​နေတာပါ။
3 years Ago

May 16, 2017

တကောင်းနီကယ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် မောင်းကုန်းအုပ်စု တကောင်းနီကယ် 15 mcc စက်ရုံက အလုပ်သမားခေါင်းဆောင် အလုပ်ထုတ်ခံရတဲ့အပေါ် မကျေနပ်လို့  အလုပ်သမားတွေ ဒီကနေ့မနက်က ထီးချိုင့်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ထီးချိုင့်မြို့နယ် တရားရုံးလမ်းနဲ့ မြို့ရှောင်လမ်းဆုံရာမှာ အလုပ်သမား ၅၀ လောက် ဆန္ဒပြခဲ့ကြပြီး မြန်မာအလုပ်သမားတွေ ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှု အပြည့်အဝရရှိရေးနဲ့ အလုပ်သမားခေါင်းဆောင် ကိုထွန်းထွန်းဝင်းကို ခြွင်းချက်မရှိ အလုပ်ပြန်လည်ခန့်ထားရေး စတဲ့ ကြွေးကြော်သံတွေနဲ့ တောင်းဆိုခဲ့ပါတယ်။ ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူ ကိုထွန်းထွန်းဝင်းက “ကျနော်တို့အလုပ်သမားတွေကို အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုဖြစ်လာရင် ၂၀၁၂ အလုပ်သမားအငြင်းပွားမှု ဥပဒေတွေနဲ့ ဖြေရှင်းရမယ်လို့ သတ်မှတ်ထားတယ်။ မြို့နယ်ဖျန်ဖြေရေး ခုံသမာဓိကောင်စီအဆင့်ဆင့် တက်ပြီးတော့ နိုင်ငံတော်က တရားဝင်ထုတ်ပြန်ထားတာ ခုံသမာဓိကောင်စီ၏ အဆုံးအဖြတ်သည် နိုင်ငံတော်အာဏာကဲ့သို့ အာဏာတည်စေရမယ်လို့ တရားဝင်သတ်မှတ်ထားပါလျက်နဲ့ လုပ်ငန်းရှင်က တရားစွဲဆိုခံပြီး ဒဏ်ကြေးဆောင်ရုံနဲ့ ပြီးတယ်ဆိုရင် ကျနော်တို့အလုပ်သမားတွေအတွက် အများကြီး နစ်နာပါတယ်။ အငြင်းပွားမှု ဥပဒေအရ ခုံကောင်စီ၏ ဆုံးဖြတ်ချက်ကို လုပ်ငန်းရှင်က မလိုက်နာဘူးဆိုရင် စာချွန်တော်တက်ခွင့်ရှိပါတယ်။ အဲဒီအဆင့် မပြီးသေးဘဲနဲ့ တရားစွဲဆိုခံတယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး။ ဒါကို နိုင်ငံတော်လည်း သိစေချင်တယ်။ ၂၀၁၂ အငြင်းပွားမှုမှာပါတဲ့ အားနည်းချက်တွေလည်း ပြင်ဆင်စေချင်တယ်” လို့ ပြောပါတယ်။ ဆန္ဒထုတ်ဖော်ရာမှာ ဦးဆောင်ပါဝင်သူ ကိုထွန်းထွန်းဝင်းဟာ ၂၀၁၆ ဒီဇင်ဘာလက လုပ်ငန်းခွင်ဖိနှိပ်ချုပ်ချယ်မှု၊ လုပ်ခလစာနည်းပါးမှု၊ အသက်အာမခံစောင့်ရှောက်မှု မရှိတဲ့အတွက် ငြိမ်းစုစီ ခွင့်ပြုမိန့်သွားတင်ရာကနေ အလုပ်ထုတ်ခံရတာ ဖြစ်ပါတယ်။ တကောင်းနီကယ် 15 mcc စက်ရုံဟာ မြန်မာလုပ်သား ၅၀၀ ကျော်လောက်နဲ့ တရုတ်နိုင်ငံသား ၁၀၀ လောက် လုပ်ကိုင်နေတဲ့စက်ရုံ ဖြစ်ပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)
4 years Ago
More News
Up