အလုပ်မှုဆောင်ဦး ၂၀ ဦးထဲက ရွေးချယ်မည်

September 25, 2017

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌသစ်အဖြစ် မဲအနိုင်ရ အလုပ်မှုဆောင်ဦး ၂၀ ဦးထဲက ရွေးချယ်မည်

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အလုပ်မှုဆောင်သစ် ရွေးချယ်ပွဲက မဲအနိုင်ရရှိခဲ့တဲ့ အလုပ်မှုဆောင် ၂၀ ဦးထဲက ၁ ဦးကို လာမယ့်စက်တင်ဘာ ၂၆ ရက်မှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ၃ နှစ် ၁ ကြိမ် ကျင်းပပြုလုပ်လေ့ရှိတဲ့ အလုပ်အမှုဆောင်သစ် ရွေးချယ်ပွဲကို စက်တင်ဘာလ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ ၂ ရက်တာ ပြုလုပ်ခဲ့ပြီး မဲအနိုင်ရရှိခဲ့တဲ့ အလွှာ ၁၀ လွှာက အလုပ်အမှုဆောင်တွေက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ဆက်လက်တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ ရုပ်ရှင်အစည်းအရုံးရွေးကောက်ပွဲမှာ အလွှာတခုစီကို အလုပ်အမှုဆောင် ၂ ဦးကျစီ ရွေးချယ်ခဲ့တာမှာ အဓိကသရုပ်ဆောင် အခြေခံအလွှာမှာတော့ သရုပ်ဆောင် ခန့်စည်သူက မဲ ၆၄ မဲနဲ့ သရုပ်ဆောင်ဇင်ဝိုင်းက ၆၂ မဲ ရရှိခဲ့ပါတယ်။ ဇာတ်ပို့ ဇာတ်ရံ အခြေခံအလွှာမှာတော့ ဦးဝင်းမြိုင်က မဲ ၁၄၉ မဲ၊ ဦးအောင်ခိုင်က  မဲ ၁၃၄ မဲနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး၊ အုပ်ချုပ်ဖြန့်ချိပြသ အလွှာမှာတော့ ဦးဇော်မင်း(မင်္ဂလာ)နဲ့ ဦးလှသိန်းတို့က မဲအနိုင်ရရှိခဲ့ပါတယ်။
4 years Ago
Up