အလုပ်ထုတ်ခံရမှုကို မကျေနပ်၍ လေယာဉ်အား မြေတူးစက်ဖြင့် ဖျက်ဆီး (ရုပ်သံ)

April 27, 2016

အလုပ်ထုတ်ခံရမှုကို မကျေနပ်၍ လေယာဉ်အား မြေတူးစက်ဖြင့် ဖျက်ဆီး (ရုပ်သံ)

ရုရှားနိုင်ငံမှ လေဆိပ်အလုပ်သမားတဦးဟာ အလုပ်ထုတ်ခံခဲ့ရတာ မကျေနပ်ဘဲ ဒေါသထွက်ခဲ့ပြီး လေယာဉ်တစီးကို မြေတူးစက်အသုံးပြုပြီး ဖျက်ဆီးခဲ့တယ်လို့ မေရာ သတင်းမှာ ဧပြီ ၂၆ ရက်နေ့က ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အဆိုပါအမျိုးသားဟာ မြေတူးစက်နဲ့ လေယာဉ်ကို အကြိမ် ပေါင်းများစွာ ဖြိုချဖျက်ဆီးခဲ့တာကို တွေ့ရပါတယ်။ အဲဒီလေယာဉ်ဟာ UTAir လေကြောင်းလိုင်းပိုင် Yak-40 အမျိုးအစား လေယာဉ် ငယ်တစီးဖြစ်ပြီး ဖျက်ဆီးမှုဒဏ်ကြောင့် ကိုယ်ထည်မှာ အပေါက်ကြီးတခုဖြစ်သွားခဲ့တာပါ။ သတင်းအစီရင်ခံချက်တွေအရ အဆိုပါလေဆိပ်အလုပ်သမားဟာ UTAir လေ ကြောင်းလိုင်း ၀န်ထမ်းတဦးဖြစ်ကာ အလုပ်ထုတ်ခံခဲ့ရတဲ့အတွက် ကုမ္ပဏီကို ကလဲ့စား ချေတဲ့အနေနဲ့ လေယာဉ်ငယ်ကို ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီရုပ်သံဖိုင်အောက်က မှတ်ချက်တခုမှာတော့ ဒါဟာ အသုံးမလိုတော့တဲ့ လေယာဉ်ငယ်ကို ဖျက်ဆီးလိုက်တာလို့ ရေးထားတာပါ။ “တပတ်ရစ် Yak-40 အမျိုးအစားလေယာဉ်ငယ်တွေဟာ ရုရှား ရူဘယ်လ်ငွေ ၅ သန်း (အမေရိကန်ဒေါ်လာ ၅ သောင်း ၂ ထောင်) အောက်ပဲ ဈေးရှိတော့တာပါ။ ဒါဟာ သူတို့အနေနဲ့ ပြန်မရောင်းချင်တော့လို့ ဒါမှမဟုတ် ၀ယ်သူလည်းမရှိလို့ ခုလို ဖျက်ဆီး လိုက်တာဖြစ်နိုင်ပါတယ်။” ဒီရုပ်သံဗွီဒီယိုဖိုင်ကို ၀င်ရောက်ကြည့်ရှုသူ ထောင်နဲ့ချီရှိခဲ့ပြီး ခုလိုဝေဖန်မှုတွေ လည်း ရှိခဲ့တာပါ။
6 years Ago
Up