အလုပ်ချိန်လျှော့ချ

A d v e r t i s e m e n t With Us

May 13, 2018

ဂျပန် ကုန်တိုက်ကြီးများမှ ဆိုင်လုပ်သားများ၏ အလုပ်ချိန်လျှော့ချရန် စတင်

ဂျပန်နိုင်ငံ၊ တိုကျိုမြို့လယ်က  ကုန်ပဒေသာတိုက်ကြီးတွေဟာ ဆိုင်လုပ်သားတွေရဲ့ အလုပ်ချိန်ကို လျှော့ချဖို့ စလုပ်နေပါပြီ။ ဂင်းဇအရပ်က နာမည်ကြီးဈေး အရောင်းစင်တာ မတဆုယဂင်းဇ မှာတော့ ည ၇ နာရီခွဲ ဆိုင်ပိတ်မှာဖြစ်လို့  ဈေးဝယ်လာသူတွေအနေနဲ့ ၇ နာရီမထိုးခင် တတ်နိုင်သမျှငွေမြန် မြန်ရှင်းကြဖို့ တိုက်တွန်းထားပါတယ်။ အဲဒီကုန်တိုက်ဟာ လာမယ့်လကစပြီး  နာရီဝက် အလုပ်စောသိမ်းမှာပါ။ မတဆုယ အများပြည်သူ ဆက်ဆံရေးဌာနကတော့ အခုလို နာရီဝတ် စောပိတ်တာဟာ လုပ်သားကဏ္ဍစီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲမှုဖြစ်ပြီး ၀န်ထမ်းတွေ အလုပ်ပိတာ လျှော့ချဖို့နဲ့ လုပ်ကိုင်နိုင်စွမ်း မြှင့်ဖို့ ရည်ရွယ်တယ်လို့ပြောပါတယ်။ အရောင်းဝန်ထမ်းတွေရဲ့ အလုပ်ချိန်ကို လျှော့ချလိုက်တာဟာ ဂျပန်နိုင်ငံထဲမှာ လုပ်သားအင်အား ရှားပါးပြတ်လပ်နေတာကို ထင်ဟပ်ေ်နပါတယ်။ ဂျပန်ကုန်ပဒေသာတိုက်တွေအနေနဲ့ အရောင်းဝန်ထမ်း ခေါ်ယူရာမှာ ခက်ခဲနေပါတယ်။ လစ်လပ်အလုပ်နေရာ ၃ နေရာအတွက် ၀န်ထမ်းခေါ်ဖို့ကြေညာရင် လာလျှောက်သူက ၁ ဦးပဲရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago

October 6, 2015

ဆွီဒင်ကုမ္ပဏီအချို့ အလုပ်ချိန် ၈ နာရီမှ ၆ နာရီသို့ လျှော့ချ

တရက်ကို ၆ နာရီ အလုပ်လုပ်တာဟာ အလုပ်သမားတွေကို ပိုပျော်ရွှင်စေပြီး ပိုအကျိုးဖြစ်တယ်ဆိုတာကို ဆွီဒင် အလုပ်ရှင်တွေက တွေ့ရှိရတဲ့အတွက် ဆွီဒင်ကုမ္ပဏီတချို့က အလုပ်ချိန်ကို တရက် ၈ နာရီကနေ ၆ နာရီအထိ လျှော့ချလိုက်ပါတယ်။ အလုပ်ချိန်လျှော့ချခြင်းအားဖြင့် ကာယ ဉာဏစွမ်းအား ပိုကောင်းစေတယ်လို့ သုတေသနက တွေ့ရှိရတဲ့အတွက် အောက်တိုဘာလက စလို့ တချို့သော ကုမ္ပဏီတွေက တပတ်ကို နာရီ ၄၀ ကနေ တပတ်ကို နာရီ ၃၀ ပဲ အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။ အလုပ်ချိန်ကို လျှော့ချပေးလိုက်တဲ့အတွက် အလုပ်သမားတွေက လူမှုရေးကွန်ရက် အသုံးပြုတာနဲ့ တခြားမလိုအပ်တဲ့ အရာတွေ လုပ်ဆောင်တာကို ရှောင်ရှားရမှာလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ကုမ္ပဏီတချို့ကသာ အခုလို လျှော့ချပေးလိုက်တာဖြစ်ပြီး ကုမ္ပဏီ အများစုက တပတ်ကို နာရီ ၄၀ အလုပ်လုပ်နေရတုန်းပဲလို့ ဆိုပါတယ်။ ဖစ်ကုမ္ပဏီက အမှုဆောင်အရာရှိကလည်း ၈ နာရီ အလုပ်လုပ်တာက လူတွေတွေးထင်ထားသလို မထိရောက်ဘူးလို့ထင်ကြောင်း ပြောပါတယ်။ လွန်ခဲ့တဲ့ ၁၃ နှစ်ကတည်းက တရက်ကို ၆ နာရီ အလုပ်လုပ်ချိန် ပြောင်းသတ်မှတ်ထားတဲ့ ဂိုသင်ဘတ်က တိုယိုတာ ၀န်ဆောင်မှုက ၀န်ထမ်းတွေက ပိုပျော်ရွှင်သလို အကျိုးအမြတ် ပိုရရှိတယ်လို့ ပြောပါတယ်။ ဂိုသင်ဘတ် အစိုးရကလည်း ၂၀၁၄ ခုနှစ် ဧပြီကနေ စတင်ပြီး အချိန်တို အလုပ်လုပ်ရတဲ့ သူနာပြုတွေကို စမ်းသပ်ခဲ့ရာမှာ သူနာပြုတွေက ပင်ပန်းနွမ်းနယ်မှု နည်းသလို ပိုထိရောက်တယ်လို့ ဆိုပါတယ်။
5 years Ago
Up