အမေရိကန် အရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ် အွန်လိုင်းရောင်းဝယ်ဆိုင်ကြီးဖြစ်တဲ့ အလီဘာဘာဥက္ကဋ္ဌ ဂျက်မာတို့ ဇန်နဝါရီ ၉ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အကျိုးရှိတဲ့ဆွေးနွေးပွဲလို့ ဒေါ်နယ်ထရမ့်က ပြောဆိုပါတယ်။
ထရမ့်နဲ့ ဂျက်မာတို့ နယူးယောက်မြို့က ထရမ့်ရဲ့ရုံးခန်းမှာ ဆွေးနွေးခဲ့ကြပြီး အမေရိကန်နဲ့ တရုတ်တို့ရဲ့ ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်ဖို့ လိုအပ်တယ်လို့ နှစ်ဦးစလုံးက တွေ့ဆုံမှုအပြီး ပြောပါတယ်။
ဂျက်မာက သူ့ရဲ့ အလီဘာဘာ အွန်လိုင်းရောင်းဝယ်ရေး ဝက်ဆိုက်ကနေ အမေရိကန်ထုတ်ကုန်ပစ္စည်းတွေကို ရောင်းချပေးပြီး အလုပ်အကိုင် အခွင့်အလမ်း သန်းနဲ့ချီ ကူညီဖန်တီးပေးမယ်လို့ ပြောပါတယ်။
ဒေါ်နယ်ထရမ့် မဲဆွယ်ပွဲတွေတုန်းက တရုတ်ထုတ်ကုန်ပစ္စည်းတွေ အမေရိကန်ကို တင်သွင်းရင် အခွန်တွေ စည်းကြပ်မယ်လို့ ခြိမ်းခြောက်ထားတာပါ။
အခုတော့ ဂျက်မာနဲ့ပူးပေါင်းပြီး နှစ်နိုင်ငံစီးပွားရေးအတွက် အကောင်းဆုံး ဆောင်ရွက်ကြမယ်လို့ ထရမ့်က ပြောဆိုခဲ့တာပါ။
ဂျက်မာကတော့ ထရမ့်ဟာ ပွင့်လင်းပြီး ထက်မြက်တဲ့ အမေရိကန်သမ္မတလောင်းတဦး ဖြစ်တယ်၊ သန်းနဲ့ချီတဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းငယ်တွေ အကျိုးရှိအောင် သူတို့က ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို တရုတ်ဈေးကွက်ကြီးမှာ ရောင်းချပေးဖို့ စီစဉ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
6 years Ago