အလိုအလျောက် ခြေစစ်ပွဲအောင်သွားသည့် ခရိုအေးရှား

A d v e r t i s e m e n t With Us

October 14, 2015

အလိုအလျောက် ခြေစစ်ပွဲအောင်သွားသည့် ခရိုအေးရှား (ရုပ်သံ)

အုပ်စု ဇ တတိယနေရာမှာ ရပ်တည်နေတဲ့ ခရိုအေးရှားဟာ မာလ်တာကို အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဒုတိယနေရာကနေ အလိုအလျောက် ခြေစစ်ပွဲအောင်သွားပါတယ်။ ပွဲမကစားမီ ဒုတိယနေရာက နော်ဝေအသင်းနဲ့ ၂ မှတ်ကွာပြီး ခရိုအေးရှားက တတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အီတလီက နော်ဝေကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတဲ့အတွက် ခရိုအေးရှားက ဒုတိယနေရာကိုရောက်လာပြီး ခြေစစ်ပွဲအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ခရိုအေးရှားက ပထမပိုင်း ၂၅ မိနစ်မှာ အနိုင်ဂိုးသွင်းယူသွားပါတယ်။ ဒီပွဲမှာ ခရိုအေးရှား အသင်းက ဘောလုံးပိုင်ဆိုင်မှု ၆၉ ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်။ အစောပိုင်းခြေစစ်ပွဲတုန်းက ဘောလုံးကွင်းထဲမှာ စကြာအမှတ်အသားကို အသုံးပြုခဲ့တဲ့ အတွက် ခရိုအေးရှားအသင်းဟာ အုပ်စုပွဲစဉ်မှာ အမှတ်နုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
5 years Ago
Up