အလိုက်ပေးကမ်းလှမ်

A d v e r t i s e m e n t With Us

August 13, 2020

ရိုးမားကွင်းလယ်လူ ဒီယာဝါရာကို  အာဆင်နယ်အသင်းက အလိုက်ပေးကမ်းလှမ်းမည် 

အာဆင်နယ်အသင်းဟာ ရိုးမားကွင်းလယ်လူ ဒီယာဝါရာကိုခေါ်ယူဖို့ တော်ရိုင်းယားနဲ့ အလိုက်ပေးကမ်းလှမ်းသွားဖို့ရှိတယ်လို့ သတင်းထွက်နေပါတယ်။  အာဆင်နယ်ကွင်းလယ်လူ တော်ရိုင်းယားကိုယ်တိုင်ကလည်း အသင်းအတွက် ၁၇ ပွဲသာ ကစားခဲ့ရပြီးနောက် အသင်းကနေ ထွက်ခွာနိုင်တယ်လို့ ဝန်ခံထားပါတယ်။  အီတလီသတင်းစာ ဂါဇက်တာဒယ်လိုစပေါ့ရဲ့အဆိုအရ ရိုးမားအသင်းဟာ အာဆင်နယ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး မီခီတာယန်လိုပဲ တော်ရိုင်းယားကိုခေါ်ယူဖို့ ရှိတယ်လို့ ဆိုပါတယ်။ အသက်၂၂ နှစ်ရှိ  ဂူနီယာကွင်းလယ်ခံစစ်ကစားသမား ဒီယာဝါရာဟာ  ပြီးခဲ့တဲ့နှစ်ကမှ နာပိုလီအသင်းကနေ ပြောင်းရွှေ့လာခဲ့တာပါ။  ရိုးမားအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်း က ခေါ်ယူလိုနေတယ်လို့သိရပါတယ်။ 
7 months Ago

April 27, 2020

ဂျူဗင်တပ်အသင်း ပေါ့ဘာကိုခေါ်ယူရန် ထိပ်တန်းကစားသမား ၁ ဦးနှင့် အလိုက်ပေးကမ်းလှမ်းမည်

ဂျူဗင်တပ်အသင်းဟာ မန်ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာကို ခေါ်ယူနိုင်ဖို့အတွက် အသင်းရှိ ထိပ်တန်းကစားသမားတဦးနဲ့ အလိုက်ပေး ကမ်းလှမ်ဖို့ ပြင်ဆင်နေပါတယ်။  အီတလီသတင်းစာတွေရဲ့ဖော်ပြချက်အရ  ပေါ့ဘာအတွက် ကွင်းလယ်ကစားသမား အတွဲတွေဖြစ်တဲ့  ရာဘီယူး၊ ပီယာနစ်နဲ့ ရမ်ဆေးတို့ ၃ ဦးထဲကနေ ၁ ဦးနဲ့ အလိုက်ပေးကမ်း လှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။  ပေါ့ဘာကို ခေါ်ယူနိုင်ဖို့အတွက် မန်ယူအသင်းရဲ့ ကစားသမား လိုအပ်ချက်အပေါ်မူတည်ပြီး အလိုက်ပေးဖို့လည်း စီစဉ်ထားကာ တောင်ပံ ကစာသမား ဒေါက်ဂလပ်ကော်စတာနဲ့ နောက်ခံအစွန်လူ အဲလက်စ်ဆန်ဒရိုတို့ကိုလည်း ခေါ်ယူနိုင်တယ်လို့ ဆိုပါတယ်။  မန်ယူကွင်းလယ်လူ ပေါ့ဘာဟာ အခုနှစ်ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး အသင်းအတွက် ၈ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပါတယ်။ 
10 months Ago
Up