အလာဘားမား

October 16, 2021

အလာဘားမားပြည်နယ် အထက်တန်းကျောင်းဘောလုံးပွဲ၌ ပစ်ခတ်မှုဖြစ်ပြီး ၄ ဦး ဒဏ်ရာရ

အလာဘားမားပြည်နယ်ရဲ့ မိုဘိုင်းလ်ဆိပ်ကမ်းမြို့ရှိ အထက်တန်းကျောင်းဘောလုံးပွဲမှာ အောက်တိုဘာ ၁၅ ရက်က ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လူ လေးယောက် ဒဏ်ရာ ရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ 

အားကစားကွင်းမှာ သေနတ်သံတွေ ကြားရပြီးနောက်မှာ လူတွေဟာ ကွင်းထဲကို အပြေးအလွှားသွားနေပြီး ဘောလုံးသမားတွေက ကွင်းပြင်မှာ မှောက်လျက် လဲလျောင်းနေကြ တာကို ရိုက်တာ ရုပ်သံသတင်းမှာ မြင်တွေ့ရပါတယ်။ 

ဘောလုံးပွဲ ကြေညာသူ ကိုယ့်ကိုယ်ကိုယ် အကာအကွယ်ယူကြဖို့ ပြောနေသံလည်း ပါဝင်ပါတယ်။

မိုဘိုင်းလ်မြို့ ရဲတပ်ဖွဲ့ကတော့ ကျည်ခွံ ၄ ခု တွေ့ရှိခဲ့ပြီး အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။ 

အသက်အန္တရာယ်ရှိတဲ့ ဒဏ်ရာတွေရရှိထားသူ တဦးကို ဆေးရုံကို ခေါ်သွားပြီး ထိခိုက်သူတွေထဲက ၂ ဦးဟာ အသက်မပြည့်သေးသူ လူငယ်တွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ 

10 months Ago

April 19, 2020

နှစ်ပေါင်း ၆ သောင်းကျော်ရှိ ရေအောက်ရှေးဟောင်းသစ်တော (ရုပ်သံ)

အလာဘားမားကမ်းလွန်က အနည်တွေအောက်မှာ နှစ်ပေါင်း ၆၀,၀၀၀ ကြာ နစ်မြုပ်နေတဲ့  ထင်းရှူးတောတခုရဲ့ နမူနာတွေကို သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။  ဒီတွေ့ရှိမှုက ဆေးဘက်ဆိုင်ရာနဲ့ ဇီဝနည်းပညာဆိုင်ရာ လေ့လာမှုတွေအတွက် ရှေ့ပြေးဖြစ်လာနိုင်တယ်လို့ ပညာရှင်တွေက မျှော်လင့်နေပါတယ်။  NOAA က ရန်ပုံငွေမတည်ပေးထားတဲ့ ဒီပရောဂျက်မှာ နော့အီစတင်တက္ကသိုလ်နဲ့ အုချ်တက္ကသိုလ်တို့ က သိပ္ပံပညာရှင်အဖွဲ့တခု ရှေးဟောင်းထင်းရှူးတောရှိရာ ရေအောက်ကြမ်းပြင်ရဲ့ ပေ ၆၀ ကို သွားခဲ့ပါတယ်။  အပင်ရဲ့အစိတ်အပိုင်းတချို့ဟာ အနက်အောက် ရောက်ရှိနေတာကြောင့် ယိုယွင်းပျက်စီးနိုင်တာကိုလည်း တွေ့ခဲ့ရပါတယ်။  NOAA ရဲ့ သမုဒ္ဒရာရှာဖွေလေ့လာရေးဝဘ်ဆိုဒ်မှာ ပညာရှင်တွေဟာ သစ်ပင်တွေကို စားတတ်တဲ့သတ္တဝါတမျိုးကို အာရုံစိုက် ဆောင်ရွက်နေတယ်လို့ပြောပါတယ်။ ဒီသတ္တဝါဟာ ဂုံးတမျိုးဖြစ်ပြီး သစ်ပင်တွေရှိတတ်တဲ့ ပင်လယ်အောက်မှာ နေထိုင်လေ့ရှိပါတယ်။  ဒါပေမယ့် အခုတွေ့ရှိတဲ့ သတ္တဝါမှာ ထူးခြားတဲ့ ဘတ်တီးရီးယား ၁၀၀ နီးပါးပါဝင်နေပြီး ဒီထဲကတချို့ကို ဆေးဝါးသစ်ထုတ်လုပ်ရေးအတွက် လေ့လာမှုပြုလုပ်ခဲ့ပြီးဖြစ်ပေမယ့် တချို့ကို မလေ့လာရသေးပါဘူး။  သုတေသီတွေဟာ စက္ကူကစလို့ ပြည့်မြဲစွမ်းအင်အထိ ထုတ်လုပ်နိုင်ဖို့ အလားအလာရှိတဲ့ ဓာတ်ပေါင်းနဲ့ အင်ဇိုင်းနမူနာတွေကို လေ့လာမှုပြုလုပ်သွားမှာ ဖြစ်ပါတယ်။ 
2 years Ago
Up