အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်

A d v e r t i s e m e n t With Us

April 29, 2020

ချောက်မြို့ဆေးရုံကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က PPE ဝတ်စုံများ လှူဒါန်း

COVID-19 ရောဂါကာကွယ်ထိန်ချုပ်ရေး လုပ်ငန်းတွေမှာ လိုအပ်သလို အသုံးပြုနိုင်ဖို့ ချောက်မြို့ပြည်သူဆေးရုံကို တပ်မတော်က  PPE ဝတ်စုံ ၅၀ ၊ နှာခေါင်းစည်း အခု ၅၀၀နဲ့  goggles မျက်မှန် ၁၀ လက် ဒီနေ့မနက်က လာရောက်လှူဒါန်းပါတယ်။ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးကိုယ်စား လာလှူပေးတာလို့  ကပစ ၂၂ စက်ရုံမှူး ဗိုလ်မှူးကြီး လှိုင်တင့်က ပြောပါတယ်။ အဆိုပါလှူဒါန်းမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းနဲ့  မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးတို့က လက်ခံ ယူခဲ့ပါတယ်။   သတင်း- ကိုလင်း(ချောက်)
10 months Ago

March 29, 2020

မန္တလေးမြို့ စန္ဒမုနိဘုရားတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ပိုးသတ်ဆေးဖျန်း(ဓာတ်ပုံ)

မန္တလေးမြို့ စန္ဒမုနိဘုရားမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က မတ် ၂၈ ရက်နေ့ ညနေပိုင်းက ပိုးသတ်ဆေးဖျန်းခဲ့ပါတယ်။ Photo-Kaung Zaw Hein/ MPA
11 months Ago
Up