လီဗာပူးအသင်းဟာ ဂိုးသမား အလစ်ဆန်နဲ့ နောက်ခံလူ ဗန်ဒိုက်တို့ကို နှစ်ရှည်စာချုပ်တွေ ချုပ်ဆိုသွားဖို့ စီစဉ်နေပါတယ်။
ဂျာမန်ကလပ် လိုက်ဇစ်တိုက်စစ်မှူး တီမိုဝါနာကို လက်လွှတ်ခဲ့ပြီးနောက် အဓိက ကစားသမား ၂ ဦးကို စာချုပ်သက်တမ်းတိုးဖို့ လီဗာပူးအသင်းက ဆုံးဖြတ်ခဲ့တာပါ။
ဗန်ဒိုက်ဟာ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေပေမယ့် ပရီးမီးယားလိဂ်ချန်ပီယံ ဆုဖလားရယူပြီးတဲ့နောက်မှာ လုပ်ခတိုးပေးပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ရှိနေတာပါ။
ဂိုးသမားအလစ်ဆန်နဲ့လည်း ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းရှိသေးပေမယ့် သူ့ရဲ့ လက်စွမ်းကောင်းမွန်မှုကြောင့် စာချုပ်သစ် ထပ်ချုပ်ဖို့ ရှိနေတာပါ။
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်လက်ကျန် ပွဲစဉ်တွေ ပြန်လည်စတင်ချိန်မှာ ၂ ပွဲ အနိုင်ရရုံနဲ့ ချန်ပီယံဆုဖလားရယူနိုင်မှာဖြစ်ပါတယ်။
9 months Ago