အလန်းစားရိုက်ချက်တွေနဲ့ ချင်းတိုင်းရင်းသူ နီလန်းရဲ့ အသည်းကွဲသီချင်း (ရုပ်သံ)

March 6, 2019

အလန်းစားရိုက်ချက်တွေနဲ့ ချင်းတိုင်းရင်းသူ နီလန်းရဲ့ အသည်းကွဲသီချင်း (ရုပ်သံ)

    “ချစ်နေလျက်နဲ့ ကိုယ်မေ့ဖို့ ကြိုးစားတာ… ကိုယ့်မှာ ခက်တယ်… နှလုံးသားနုသူမို့ … အကြမ်းမခံဘူးကွယ်… နှလုံးသားလေးက”     ဒါကတော့ လတ်တလောထွက်ရှိလာခဲ့တဲ့ ပျော်နေပါတော့ အမည်ရတဲ့ သီချင်း သစ်တပုဒ်ထဲက စာသားတွေဖြစ်ပြီး ချင်းတိုင်းရင်းသူ အဆိုတော် နီလန်းက သီဆိုထားတာပါ။     “သို့ပေမယ့်လေ မင်းပျော်နိုင်ဖို့အတွက်ဆို… သည်းခံပါ့မယ်… သွားလိုက် ချစ်သူလေး… ဂရုမစိုက်ပါနဲ့ အချစ်… သွားပါ”     ချစ်စရာကောင်းတဲ့ ခပ်ဆွေးဆွေး သီချင်းစာသားတွေနဲ့ ထွက်ရှိလာခဲ့တဲ့ ဒီသီချင်း ကိုတော့ တေးရေး December Thiam Mawi က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး ဇာတ် လမ်းတပုဒ်အသွင်နဲ့ ရိုက်ကူးထားတဲ့ ပုံရိပ်တွေနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါ တယ်။     “ကိုယ့်နှလုံးသားလေးဟာ… ကြေမွပြီ… ပျောက်ဆုံးအိပ်မက်များ… အဓိပ္ပါယ်မဲ့… အချစ် မင်းက ကိုယ့်ရဲ့ အရှင်သခင်ပါ… ဒါပေမယ့် သိပ်ချစ်လို့… ပေးဆပ်ပါ့မယ်… သွားတော့… ရင်ခွင်အသစ်နဲ့အတူတူ… ထာဝစဉ်ပျော်ပါတော့… Good Bye”     သီချင်းအမ်တီဗွီတပုဒ်အဖြစ် ဒါရိုက်တာ Jason ya က ပုံဖော်ရိုက်ကူးထားတဲ့ ဒီသီ ချင်းထဲမှာတော့ နီလန်းရဲ့ သီဆိုဟန်ပုံရိပ်တွေနဲ့အတူ သရုပ်ဆောင် ငြိမ်းသော်၊ Dee တို့ နဲ့အတူ ခံစားကြည့်ရှုကြရမှာပါ။     နီလန်းဟာ မနှစ်က ကျင်းပခဲ့တဲ့ Myanmar Idol Season 3 မှာ ၀င်ရောက်ယှဉ် ပြိုင်ခဲ့ရာကတဆင့် ပရိသတ် သတိပြုမိခဲ့တဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။
2 years Ago
Up